25 C
Yangon

ရေတာရှည်မြိုနယ်ရှိ ကျေးရွာ ၄ ရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်နေ

Must read

ရန်ကုန်၊ မတ် ၂၅

ပဲခူးတိုင်း၊ ရေတာရှည်မြိုနယ်ရှိ ကျေးရွာ ၄ ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို ပြောဆိုသည်။

မတ်လ ၂၅ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်က စတင်ကာ ရေတာရှည်မြိုနယ်၊ စစ်တာင်းမြစ်အရှေ့ဘက်ရှိ ရေတာရှည်လေး၊ ပိတောက်ကုန်း၊ ကျွန်းကုန်းနှင့် ရေငန် ကျေးရွာများကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ဂျက်ဖိုက်တာ၊ ရဟတ်ယာဉ် များဖြင့် ပစ်ခတ် ဗုံးကျဲကာ လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်နေကြောင်း သိရသည်။

“ရေတာရှည်လေး၊ ပိတောက်ကုန်း၊ ကျွန်းကုန်း၊ ရေငန် ကျေးရွာဘက်တွေကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာ ၁ စီး၊ ရဟတ်ယာဥ် ၁ စီးနဲ့ ပစ်ခတ် ဗုံးကျဲ နေပါတယ်။ ဆွာမြိုပေါ်နဲ့ ရေတာရှည်မြိုပေါ်က စစ်ခွေးတွေကလည်း လက်နက်ကြီးတွေနဲ့ တပြိုင်တည်း ပစ်ခတ်နေပါတယ်” ဟု ဒေသ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို ပြောဆိုသည်။

လက်ရှိချိန်တွင် ကျေးရွာနေ ပြည်သူများသည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး ထိခိုက် ပျက်စီးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း ဒေသနေ ပြည်သူများက ဆက်လက် ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #လေကြောင်း၊ လက်နက်ကြီးများ #ရန်ကုန်ခေတ်သစ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article