35 C
Yangon

ရန်ကုန်၊ မြောက်ဥက္ကလာပ၊ ဌ ရပ်ကွက်မှ လူငယ် ၁၁ ဦးကို ယနေ့ နံနက်ပိုင်း စစ်တပ်က ဝင်ရောက်ဖမ်းဆီးပြီး စစ်သားသစ်အဖြစ်စုဆောင်း

Must read

ရန်ကုန်၊ မတ် ၂၉

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ဥ ရပ်ကွက်မှ လူငယ် ၁၁ ဦးကို ယနေ့ နံနက်ပိုင်း စစ်တပ်က ဝင်ရောက်ဖမ်းဆီးပြီး စစ်သားသစ်အဖြစ်စုဆောင်းခေါ်ဆောင်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၉ ရက်နေ့ နံနက် ၃ နာရီအချိန် စစ်မှုထမ်းရန် မဲပေါက်သူများကို လာရောက်ခေါ်သည်ဆိုကာ စစ်တပ်က မြောက်ဥက္ကလာပမြို့နယ်၊ ဌ ရပ်ကွက် ၊ ခိုင်ရွှေဝါလမ်း၊ ဒေါနလမ်းများမှ နေအိမ်များကို ဝင်ရောက်စစ်ဆေးပြီး လူငယ်များကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း၊ အဆိုပါ လူငယ်များသည် မဲပေါက်ထားသည့်လူငယ်များမဟုတ်ဘဲ အပတ်စဉ် ၁ စစ်မှုထမ်းရမည့်စာရင်းတွင်လည်း မပါဝင်ကြောင်း၊ အနည်းဆုံး လူငယ် ၁၁ ဦးဝန်းကျင်ကို စစ်တပ်က ဖမ်းဆီးပြီး တပ်သားသစ်အဖြစ် စုဆောင်းသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

” ဌ ရပ်ကွက်၊ ခိုင်ရွှေ၀ါလမ်း ဒေါနလမ်းတွေမှာ ဒီမနက် ၃ နာရီလောက်မှာ မဲပေါက်တဲ့သူကိုလာခေါ်တာပါဆိုပြီးလမ်းထဲရှိတဲ့ လူငယ်တွေကို တစ်ခါတည်း ဖမ်းဆီးသွားတယ်။ နောက်တစ်ခါ ခိုင်ရွှေ၀ါလမ်းဘက်မှာလည်း ၁၁ ဦးခေါ်သွားတယ်။ရပ်ကွက်အုပ်ချုပ်မှူးတွေပါပါတယ်။ အခုရပ်ကွက်နေပြည်သူတွေ ဘယ်အချိန်၀င်ဖမ်းမလဲစိုးရိမ်နေကြရတယ်” ဒေသပြည်သူတစ်ဦးကရှင်းပြသည်။

ဖမ်ဆီးခံရသည့် လူငယ်များသည် ဖုန်းအသုံးပြုခွင့်မရဘဲ မိသားစုကိုလည်း ဆက်သွယ်ခွင့်မရကြောင်း၊ မည်သည့်နေရာ ရောရှိနေသည်ကို မိသားစုထံ အကြောင်းကြား၍ မရကြောင်း သိရှိရသည်။

လက်ရှိတွင် စစ်တပ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက စစ်ကောင်စီက သတ်မှတ်ထားသော စစ်သား ဦးရေ ပြည့်မီရေးအတွက် ညဘက် နေအိမ်များကို ဝင်ရောက်စီးနင်းပြီး ဧည့်စာရင်း စစ်သည့်ပုံစံဖြင့် လူငယ်များကို ဖမ်းဆီး စုဆောင်းခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article