32 C
Yangon

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ခေါင်းဆောင်မှု စွမ်းရည်မြှင့် သင်တန်းဆင်းပွဲပြုလုပ်

Must read

ရန်ကုန်၊ မတ် ၂၉

မကွေးတိုင်း၊ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ၏ ခေါင်းဆောင်မှု စွမ်းရည်မြှင့် သင်တန်း ဆင်းပွဲကို မတ်လ ၂၉ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ခေါင်းဆောင်မှု စွမ်းရည်မြှင့်သင်တန်းကို တပ်ဖွဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ ဗဟိုစစ်ကော်မရှင်မှ တာဝန်ရှိသူများ၊ ဌာနအသီးသီးမှ ဌာနမှူးများ၊ ဒုတပ်စိပ်မှူးအဆင့်မှ တပ်ရင်းမှူးထိ အရာရှိနှင့် အခြားအဆင့်များထိ သင်တန်းသား ဦးရေ စုစုပေါင်း ၃၄ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

သင်တန်းကာလသည် တစ်ပတ်ကျော် ကြာမြင့်ခဲ့ပြီး စစ်ဘက်ခေါင်းဆောင်နှင့် အရပ်ဘက်ခေါင်းဆောင်များ၏ လိုက်နာ ဆောင်ရွက်ရန် ကျင့်ဝတ်များ၊ တာဝန်ဝတ္တရားများ၊ ရုံးလုပ်ငန်းပိုင်းဆိုင်ရာ ကဏ္ဍများကို အဓိက သင်ကြားပေးခဲ့ကြောင်း သင်တန်းကို တပ်ဖွဲ့ဥက္ကဌ ရဲဘော် ယောလေး၊ အထွေထွေ အတွင်းရေးမှူး ရဲဘော်လူလှတို့က ဦးဆောင် သင်ကြားပေးခဲ့ပြီး အလားတူ သင်တန်းများကိုလည်း ထပ်မံပို့ချ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article