25 C
Yangon

Breaking News- မိုးမောက်မြို့နယ်၊ လွယ်ဂျယ်အနီးရှိ စစ်ကောင်စီ၏ စိန်လုံဗျူဟာ စစ်စခန်းကို KIA က ယနေ့ နံနက်ပိုင်းတွင် သိမ်းပိုက်ရရှိ၊

Must read

ဗန်းမော်-လွယ်ဂျယ်လမ်းတွင် စစ်တပ်စခန်း တစ်ခုမှ မရှိတော့ဘဲ လွယ်ဂျယ်မြို့နှင့် တရုတ်-မြန်မာ နယ်စပ်ဂိတ်ကိုပါ KIA အပြီးသတ် ထိန်းချုပ်ထား

ရန်ကုန်၊ ဧပြီ ၁

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့အနီးရှိ စစ်ကောင်စီ၏ စိန်လုံဗျူဟာစစ်စခန်းကို KIA က ယနေ့ နံနက်ပိုင်းတွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။

မတ်လ ၂၇ ရက်နေ့မှ စတင်ပြီး ဗန်းမော်-လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို KIA က စတင်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနောက် ဆက်တိုက်ဆိုသလို စခန်းများကို သိမ်းပိုက်ခဲ့ရာ ယနေ့ ဧပြီလ ၁ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် စိန်လုံဗျူဟာစစ်စခန်းကြီးကို သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း သိရှိရသည်။

“စိန်လုံ ဗျူဟာစစ်စခန်းကို ဒီမနက် ၇ နာရီမှာ သိမ်းပိုက်လိုက်ပြီ။ ဗန်းမော်-လွယ်ဂျယ်လမ်းမှာ စစ်ခွေးစခန်းမရှိတော့ဘူး။ လက်နက်ခဲယမ်းတွေတော့ အများကြီးပဲရတယ်လို့ ပြောတယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိတွင် ဗန်းမော်-လွယ်ဂျယ်လမ်းနှင့် လွယ်ဂျယ်မြို့ ပတ်ဝန်းကျင်တွင် စစ်တပ်စခန်း တစ်ခုမှ မရှိတော့ဘဲ လွယ်ဂျယ်မြို့နှင့် နယ်စပ်ဂိတ်ကိုပါ KIA ဦးဆောင်သော မဟာမိတ်တပ်များက အပြီးသတ် ထိန်းချုပ်ရရှိသွားပြီဖြစ်ကြောင်း သိရှိရသည်။

မတ်လ ၇ ရက်နေ့မှစတင်သော KIA ၏ စစ်ဆင်ရေးသည် ယနေ့အချိန်အထိ စစ်ကောင်စီတပ်စခန်းပေါင်း ၆၁ ခုကို သိမ်းပိုက်ရရှိထားပြီဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #စိန်လုံဗျူဟာ စစ်စခန်း #KIA သိမ်းပိုက်ရရှိ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article