25 C
Yangon

စစ်ကောင်စီအတွက် စစ်သားစုဆောင်းပေးသည့် အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများ၏ သားနှင့်တူများကို စစ်မှုထမ်းခွင့် ယာယီကင်းလွတ်ခွင့်ပေးထား

Must read

မြောက်ဒဂုံမြို့နယ်မှ လူငယ်များကို ရှမ်းပြည်နယ်သို့ စစ်တပ်က ပို့ဆောင်

ရန်ကုန်၊ ဧပြီ ၁

အကြမ်းဖက်စစ်ကောင်စီက စစ်သားစုဆောင်းပေးသည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများ၏ သားနှင့် တူတော်စပ်သူများကို စစ်မှုထမ်းခွင့် ယာယီကင်းလွတ်ခွင့်ပြုထားကြောင်း ရန်ကုန်တိုင်း စစ်ကောင်စီသတင်းရင်းမြစ်က ပြောဆိုသည်။

“ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေအနေနဲ့ စစ်သားစုဆောင်းပေးတဲ့ အကူတွေရဲ့ သားတွေ၊ တူတော်စပ်သူတွေ ဒါမှမဟုတ်ရင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက စာရင်းကင်းလွတ်ခွင့်ပြုစေချင်တဲ့ သူတွေကို ယာယီစစ်မှုထမ်းခွင့် ကင်းလွတ်ခွင့်ပေးထားတယ်။ အဲဒါက နားလည်မှုနဲ့ ခွင့်ပြုထားတာ” ဟု ရန်ကုန်တိုင်းစစ်ကောင်စီသတင်းရင်းမြစ်က ဆိုသည်။

စစ်သားသစ်စုဆောင်းမှုများနှင့်ပတ်သက်ပြီး အဓိက ဦးဆောင်လုပ်ကိုင်နေရသော ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၏ လုံခြုံရေးအတွက် ဆောင်ရွက်ပေးရန် စစ်ကောင်စီက စစ်တပ်နှင့်ရဲများကို ညွှန်ကြားထားပြီး လိုအပ်ပါက ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၏ မိသားစုများကို လုံခြုံသော နေရာများသို့ ပြောင်းရွှေ့ ကူညီပေးရန်လည်း အမိန့်ပေးထားကြောင်း သိရှိရသည်။

လက်ရှိတွင် စစ်ကောင်စီက စစ်သားသစ်များအဖြစ် တစ်နိုင်ငံလုံးမှ လူငယ်များကို အတင်းအကျပ် အတင်းအဓမ္မ စုဆောင်းလျက်ရှိပြီး ရန်ကုန်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမှ လူငယ်များကို ရှမ်းပြည်နယ်သို့ ပို့ဆောင်မှုများရှိနေကြောင်း သိရှိရသည်။

“ရန်ကုန်၊ မြောက်ဒဂုံ ၄၉ ရပ်ကွက်က ကလေး ၂ ယောက်ကို ရန်ကုန်မှာ ဘာသင်တန်းမှ မပေးဘဲ ခေါ်သွားတာ။ မတ်လ ၂၉ ရက်နေ့က ခေါ်သွားတာ။ မနေ့က သူတို့ ဖုန်းဆက်လာတာ ရှမ်းပြည်ရောက်သွားပြီတဲ့ ။ ညီအစ်ကိုနှစ်ယောက်ပါ။ နှစ်ယောက်လုံးခေါ်သွားတာ။ တပ်ထဲမှာပဲထားတယ်လို့ပြောတယ်” ဟု ဆွေမျိုးတစ်ဦးက ပြောဆိုသည်။

အလားတူ မြောက်ဒဂုံ ၃၀ ရပ်ကွက်၊ ၃၂ ရပ်ကွ့က်မှ လူငယ်များလည်း ရန်ကုန်တွင် စစ်သင်တန်းမတက်ရဘဲ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့သို့ ပို့ဆောင်ခံရကြောင်း သိရှိရသည်။

ဓာတ်ပုံ – စစ်မှုထမ်းရန် စုဆောင်းခံရသည့် လူငယ်များ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများ၏ သားနှင့်တူများ

စစ်မှုထမ်းရန် စုဆောင်းခံရသည့် လူငယ်များ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article