25 C
Yangon

စိန်လုံတိုက်ပွဲကြောင့် ခရီးသည်တင်ကားနှင့် ကုန်တင်ကားများ ဗန်းမော်မြို့နယ် ဂျန်မိုင်ရွာတွင် ပိတ်မိနေစဉ် စစ်တပ်က လေယာဉ်ဖြင့်ဗုံးကျဲမှု ပြည်သူ ၅ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ

Must read

ရန်ကုန်၊ ဧပြီ ၁

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ စိန်လုံတောင်တွင် တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ခရီးသည်တင်ကားများနှင် ကုန်ကားများ ဗန်းမော်မြို့နယ်၊ ဂျန်မိုင်ကျေးရွာတွင် ပိတ်မိနေခဲ့ကြောင်း၊ ယင်းနေရာကို စစ်တပ်က ယနေ့ နံနက်ပိုင်း တိုက်လေယာဉ်ဖြင့် ဗုံးကျဲချသဖြင့် ပြည်သူ ၅ ဦးသေဆုံးကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

ယနေ့ နံနက် ၁ နာရီ ၃၀ မိနစ်အချိန် ဗန်းမော်မြို့နယ်၊ ဂျန်မိုင်ကျေးရွာတွင် ခရီးသွားကားများနှင့် ကုန်ကားများ ရှေ့ဆက်သွားရသဖြင့် ပိတ်မိနေခဲ့ကြောင်း၊ ယင်းနောက် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ကုန်ကားတစ်စီးပျက်စီးပြီး ထိခိုက်သေဆုံးမှုများရှိကြောင်း သိရှိရသည်။

“စိန်လုံတောင်မှာ တိုက်ပွဲဖြစ်တော့ ကားတန်းက ရှေ့ဆက်သွားမရလို့ ပိတ်မိနေတဲ့ နေရာကို လေယာဉ်နဲ့ ဗုံးကျဲတာ။ ဒီမနက် ၁ နာရီ ၃၀ မှာ ကျဲချတာ။ ကားတစ်စီးထိခိုက်ပြီး နေအိမ်တွေလည်း ထိခိုက်တယ်။ ပြည်သူ ၅ ဦးသေဆုံးတယ်။ ဒဏ်ရာရရှိသူတွေကို KIA ဆေးအဖွဲ့က လာကုပေးနေပြီ” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

ယနေ့ နံနက် ၇ နာရီတွင် ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ စိန်လုံတောင်စစ်တပ် ဗျူဟာစခန်းကို KIA ဦးဆောင်သော မဟာမိတ်တပ်များက သိမ်းပိုက်လိုက်ပြီဖြစ်သဖြင့် မကြာမီ လမ်းများ ပြန်လည် ပွင့်တော့မည်ဖြစ်ကြောင်း ဒေသပြည်သူများက ဆိုကြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ဂျန်မိုင်ရွာတွင် ပိတ်မိ #လေယာဉ်ဖြင့်ဗုံးကျဲ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article