38 C
Yangon

တရုတ်-မြန်မာနယ်စပ်ရှိ လွယ်ဂျယ်မြို့ကို KIA က ယနေ့ အပြီး တက်သိမ်း

Must read

ရန်ကုန်၊ ဧပြီ ၂

တရုတ်-မြန်မာ နယ်စပ်၊ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့နယ်ခွဲရှိ လွယ်ဂျယ်မြို့ကို ယနေ့တွင် KIA ဦးဆောင်သော တော်လှန်ရေးတပ်များ အပြီးအပိုင် တက် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၉ ရက်နေ့ကတည်းက လွယ်ဂျယ်မြို့ ပတ်ဝန်းကျင်တစ်ခုလုံးကို KIA က ပိတ်ဆို့ ထိန်းချုပ်ခဲ့သော်လည်း မြို့ကို မသိမ်းသေးဘဲ ၀ိုင်းရံထားခဲ့ကြောင်း၊ ယနေ့ နံနက်ပိုင်းတွင် လွယ်ဂျယ်ရဲစခန်း ထဲသို့ တော်လှန်ရေးတပ်များက ဝင်ရောက် နယ်မြေရှင်းလင်းပြီး မြို့ကိုပါ သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“လွယ်ဂျယ်မြို့ကိုတော့ အပြီးအပိုင် သိမ်းပိုက်နိုင်ပါပြီ။ မြို့ကိုတော့သိမ်းထားပြီ ” ဟု KIA သတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။

လွယ်ဂျယ်မြို့ထဲတွင် စစ်တပ်နှင့်ရဲများ မရှိတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း၊ ဌာနဆိုင်ရာဝန်ထမ်းများမှာလည်း ပုံစံအမျိုးမျိုးဖြင့် ထွက်ပြေး တိမ်းရှောင်နေကြကြောင်း သိရှိရသည်။

မတ်လ ၂၇ ရက်နေ့မှစတင်ပြီး ဗန်းမော်-လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီတပ်စခန်းများကို KIA နှင့် တော်လှန်ရေးတပ်များက စတင်တိုက်ခိုက်ခဲ့ကာ ဧပြီလ ၁ ရက်နေ့တွင် စစ်ကောင်စီ၏ နောက်ဆုံးစခန်းကြီးဖြစ်သော စိန်လုံဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ဗန်းမော်-လွယ်ဂျယ်လမ်းတွင် စစ်ကောင်စီတပ်စခန်း ဟူ၍ မရှိတော့ဘဲ လွယ်ဂျယ်မြို့ကိုပါ သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ယနေ့ လွယ်ဂျယ်မြို့ရှိ တရုတ်-မြန်မာနယ်စပ်ဂိတ်တွင် လုံခြုံရေး ယူထားသော KIA စစ်သားတစ်ဦး။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #လွယ်ဂျယ်မြို့ကို KIA က ယနေ့ အပြီး တက်သိမ်း

ယနေ့ လွယ်ဂျယ်မြို့ရှိ တရုတ်-မြန်မာနယ်စပ်ဂိတ်တွင် လုံခြုံရေး ယူထားသော KIA စစ်သားတစ်ဦး။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article