30 C
Yangon

နေပြည်တော်မှ စစ်ဗိုလ်ချုပ်များကို ထိတ်လန့် တုန်လှုပ်သွားစေသည့်နေ့

Must read

By Igor Blazevic

နေပြည်တော်ရှိ စစ်ရုံးချုပ်နှင့် အကြမ်းဖက်စစ်တပ်၏လေဆိပ်တို့ကို PDF အထူးတပ်ဖွဲ့များက kamikaze ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သည်။ ဒရုန်းအားလုံးနီးပါးသည် ပစ်မှတ်များကို ထိမှန်ခဲ့သည်ဟု ယူဆရသည်။ ယမန်နေ့ နေပြည် တော် ၏ကောင်းကင်ယံတွင် ဂျက်တိုက်လေယာဉ် တချို့ ထိန့်လန့်စွာ ပျံသန်းခဲ့ရသည်။

နေပြည်တော်တစ်မြို့လုံး အထိတ်တလန့် ဖြစ်ခဲ့ပြီး ရန်ကုန်နှင့် နေပြည်တော် လေဆိပ်များကို အရေးပေါ် ပိတ်ချခဲ့ရသည်။ ဧပြီလ ၄ ရက်နေ့ ည ၁၀ နာရီကျော်အချိန်နှင့် ည ၁၂ နာရီဝန်းကျင်အချိန် နေပြည်တော် ၊ဧလာ၊ ပျဉ်းမနားအကြား ကောင်းကင်ယံတွင် စစ်ကောင်စီ၏ ကင်းထောက်လေယာဉ်များ အဆက်မပြတ် ပျံသန်းခဲ့ကြသည်။

နေပြည်တော်အေလာ လေတပ်က တည်ဆောက်နေသော သင်္ကြန်မဏ္ဍပ်လည်း ဒရုန်းဗုံးကြောင့် ချက်ချင်း ရပ်ဆိုင်းသွားခဲ့ရသည်။ ဧပြီလသည် စစ်တပ်အတွက် ပျော်စရာသင်္ကြန်အခါတော့ မဟုတ်နိုင်တော့ပေ။ ယခုတိုက်ခိုက်နိုင်မှုက စစ် တပ်နှင့် ၎င်းတို့၏ ထောက်ခံသူများကို သိသိသာသာ တုန်လှုပ်စေခဲ့ပါသည်။

၁ – စစ်အာဏာရှင်တို့သည် နိုင်ငံတစ်ဝှမ်းရှိ အခြေစိုက်စခန်းများ၊ စစ်သည်များနှင့် နယ်မြေအစိတ် အပိုင်းများ အဆက်မပြတ်ဆုံးရှုံးနေရသည်။ နိုင်ငံကြီးတစ်ဝှမ်း စစ်တပ်ကို ဖြန့်ကျက်ထားရခြင်း ကြောင့် ၄င်းတို့နေထိုင်သည့်နေပြည်တော်ကိုကာကွယ်ရန် သို့မဟုတ် ထိုးစစ်များလုပ်နိုင်ရန် တပ်ဖွဲ့ဝင်များ၊ စစ်ဘက်ဆိုင်ရာကိရိယာများအား အာရုံမစိုက်နိုင်သည့် အခြေအနေဖြစ်သည်။

ယခုဆုံးရှုံးမှုများသည် စစ်တပ်တစ်ခုလုံးကို မဖြုတ်ချနိုင်သေးသော်လည်း အဆက်မပြတ် “သွေးထွက် သံယို” ဖြစ်ရခြင်းဖြင့် သွေးပျက်လာစေသည်။ အဆက်မပြတ် “သွေးထွက်ခြင်း” ဖြင့် အကြမ်းဖက် စစ်တပ်သည် အားနည်းလာ၊ အားပျော့လာသည်။

၂ – တချိန်တည်းမှာပင် မြေပြင်ရှိ ပျောက်ကျားတပ်များသည် စစ်အာဏာရှင်တပ်များနှင့် စစ်အာဏာရှင် တို့၏ အုပ်ချုပ်ရေးဖွဲ့စည်းပုံများကို နေရာတိုင်းတွင် အဆက်မပြတ် ထိုးနှက်တိုက်ခိုက်လျက်ရှိသည်။ သေးငယ်သော PDF ပြောက်ကျားယူနစ်များသည် နိုင်ငံတစ်ဝှမ်းရှိနေရာတိုင်းတွင် လမ်းများနှင့် စစ်စခန်းငယ်များနှင့် ရုံးများပေါ်တွင် စစ်အာဏာရှင်သစ္စာခံတို့အား ပစ်ခတ်ရှင်းလင်းလျက်ရှိကြသည်။ ထိုအခြေအနေသည်ထောင်ပေါင်းများစွာသော ပျားများ တိုက်ခိုက်ကိုက်ခဲခံနေရသော ဒဏ်ရာကြီးကြီး မားမားရနေသည့် တိရစ္ဆာန်ကြီးတကောင်နှင့် တူနေသည်။

ဤခုခံမှုတွန်းလှန်မှုအတိုင်းအတာသည် စစ်တပ်၏လှုပ်ရှားမှုများကို သိသိသာသာ ထိခိုက်စေသည်၊ အကြမ်းဖက်စစ်တပ်၏ထောက်ပံ့ရေးလိုင်းများကိုဖြတ်တောက်ကာ ၎င်းတို့၏ အုပ်ချုပ်မှုနှင့် ရဲအင်အားကိုထိုးနှက်နေနိုင်သည်ဖြစ်ရာ တပ်စခန်းများမှ ထွက်သွားသည်နှင့် တပြိုင်နက် နေရာတိုင်း တွင် မလုံခြုံမှုအားခံစားရစေသည်။ ထိုသို့မလုံခြုံခံစားနေရခြင်းသည် စိတ်ပိုင်းဆိုင်ရာခြောက်ခြား ရူးခါစေပါသည်။

၃ – စစ်အာဏာရှင်တို့၏နှလုံးသည်းပွက်ဖြစ်သော နေပြည်တော်၊ ရန်ကုန် သို့မဟုတ် အရေးကြီးစစ်တပ် လေဆိပ်များ၊ လောင်စာဆီသိုလှောင်ရုံနှင့် အလားတူနေရာများအား သေချာစွာပြင်ဆင်ထားသည့် တိုက်ခိုက်မှုများသည် စစ်အာဏာရှင်တို့၏ထိန်းချုပ်မှုကို ကြီးမားသောစိတ်ပိုင်းဆိုင်ရာထိုးနှက်ချက် ဖြစ်စေသည်။

မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့်တော်လှန်စစ်ပွဲမျိုးတွင် သမားရိုးကျစစ်အင်အား၊ ရှေ့တန်းထိုးစစ်များ၊ စစ်အာဏာရှင်တို့အပေါ် တိုက်ရိုက်ခုခံဆင်နွှဲသည့်တိုက်ပွဲများအားဖြင့် စစ်အာဏာရှင်တို့၏ စစ်အင်အား ကို လုံးလုံးလျားလျားအနိုင်ယူနိုင်ချနည်းနိုင်ပါသည်။ စစ်အာဏာရှင်တို့အားအနိုင်ယူနိုင်မည့်နည်းမှာ အချိန်ယူပြင်ဆင်အမှဲ့ခြွေခြွေကာအားပျော့လာစေပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာပြိုကွဲသွားရန် လုပ်ခြင်းဖြစ် သည်။

အားနည်း၊ မောပန်းနွမ်းနယ်နေသော မြေပြင်တပ်များသည် အဆင့်ဆင့်ပြိုဆင်းလာကာ အရှုံး ပေးလက်နက်ချအညံ့ခံလျက် တခဏအတွင်းအောက်ခြေမှ ထကြွပုန်ကန်ရုန်းထွက်လာနိုင်မည့် နည်းလမ်းဖြစ်သည်။ ထိရောက်သည့်နည်းလမ်းတခုဖြစ်ပါသည်။ အခြားနည်းလမ်းမှာ အရာရှိကေဒါ အဆင့်တွင် စိတ်ပိုင်း ဆိုင်ရာပြိုကွဲမှုများဖြစ်ပေါ်နေသည်ကိုမြင်တွေ့ရပြီဖြစ်ရာ ၎င်းတို့အားလုံး သည်မင်းအောင်လှိုင် နှင့် စကစတို့အပေါ်ယုံကြည်မှုနှင့် အကြောက်တရားများလုံး၀မရှိကြတော့ပဲ တန်ပြန်အာဏာသိမ်းရန် ဆုံးဖြတ်လာနိုင်ခြင်းဖြစ်သည်။ နည်းလမ်းနှစ်ခုလုံးကိုလည်းပေါင်းစပ်နိုင်ပါသည်။

စကစမည်ကဲ့သို့ ပြိုကျမည်ကို အတိအကျမှန်းဆရန်မဖြစ်နိုင်သော်လည်း စကာသည်ပြိုကျမည်မှာ သေချာသည်။ အထက်တွင်ဖော်ပြထားသော ဒိုင်းနမစ်သုံးခုသည်ကျွန်ုပ်တို့သည်အားအောင်ပွဲဆီသို့ ဦးတည်စေမည်ဖြစ်သည်။

နွေဦးတော်လှန်ရေးကြီးကို ဆက်လက်ဆင်နွှဲကြ။ မြန်မာပြည်သူတွေသည် လွတ်လပ်မှုနှင့် တရားမျှတမှုဖြင့် ထိုက်တန်သည်။ လက်နက်ကိုင်တော်လှန်ရေးသူရဲကောင်းများ၊ ပြည်သူ့လှုပ်ရှားမှုသူရဲကောင်းများသည် အောင်ပွဲ၀င် မည့်နေ့နှင့် ထိုက်တန်ပါသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #စစ်ဗိုလ်ချုပ်များကို ထိတ်လန့်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article