29 C
Yangon

မင်းအောင်လှိုင် အပါအဝင် စစ်ဗိုလ်ချုပ်များကို ထိတ်လန့်စေခဲ့သည့် ဒရုန်းတိုက်ခိုက်မှုအတွက် လေကြောင်းရန် ကာကွယ်ရေးစနစ်နှင့် Jammer များကို ပြန်လည် သုံးသပ်ဆန်းစစ်ရန်၊ အဆင့်မြှင့်တင်ရေး လုပ်ဆောင်ရန် ညွှန်ကြား

Must read

နေပြည်တော်ကို ဒရုန်းများဖြင့် တိုက်ခိုက်မှု အကြောင်း နိုင်ငံတကာမီဒီယာများတွင် စစ်ကောင်စီကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြ

ရန်ကုန်၊ ဧပြီ ၅

မင်းအောင်လှိုင် အပါအဝင် ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးများကို ထိတ်လန့်စေခဲ့သည့် ယမန်နေ့ နေပြည်တော်ကို ဒရုန်းတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး အစီရင်ခံတင်ပြရန်၊ လေကြောင်းရန် ကာကွယ်ရေးစနစ်၊ Jammer များ တပ်ဆင်ထားခြင်းကို ပြန်လည်သုံးသပ်ရန်နှင့် လုံခြုံရေးဆိုင်ရာ ကျိုးပေါက်နိုင်မှုများကို ထပ်မံ မဖြစ်ပွားစေရေး အဆင်မြှင့်တင်ရန် စစ်ကောင်စီက ညွှန်ကြားလိုက်ကြောင်း သိရှိရသည်။

ဧပြီလ ၄ ရက်နေ့ နံနက်ပိုင်း နေပြည်တော်စစ်ရုံးချုပ်၊ အေလာလေတပ်နှင့် မင်းအောင်လှိုင် နေအိမ်တို့ကို ဒရုန်းများဖြင့် တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီထိပ်တန်းဗိုလ်ချုပ်များအတွင်း လေကြောင်းရန် ကာကွယ်ရေးစနစ်၊ လက်ရှိ တပ်ဆင်ထားသော Jammer များက လုံခြုံအောင် မစွမ်းနိုင်ဘဲ လုံခြုံရေးစည်း ကျိုးပေါက်မှုအပေါ် စိုးရိမ်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

“ဒရုန်းဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒီဒရုန်းတွေကို လေ့လာဖို့၊ ဘယ်လိုနည်းစနစ်နဲ့ လွှတ်တင်တယ်။ ဘယ်နေရာကနေ လွှတ်တင်တယ်။ လေကြောင်းရန်ကာကွယ်ရေးစနစ်နဲ့ Jammer တွေကို ဘယ်လိုကျော်လွှားတယ်၊ အဲဒါတွေကို ဘယ်လို ကာကွယ်နိုင်မလဲ၊ လုံခြုံရေး ထပ်ပြီး မကျိုးပေါက်အောင် ဘယ်လိုလုပ်နိုင်မလဲဆိုတာကို အသေးစိတ် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာ အမြန်ဆုံးတင်ခိုင်းတယ်။ ရက်ပိုင်းအတွင်း အရေးပေါ် အမြန် တင်ခိုင်းတာပါ” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့က တင်ပြသည့် အစီရင်ခံစာအပေါ် မူတည်၍ နည်းပညာပိုင်း၊ စက်ပိုင်း၊ ခေတ်မီ စက်ပစ္စည်းများ ထပ်မံ ဖြည့်တင်းရန် လို၊ မလို စသည့် အသေးစိတ် ထပ်မံ အဆင်မြှင့်တင်ခြင်းများကိုလည်း လုပ်ဆောင်မည်ဖြစ်ပြီး လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့အတွင်း ၂၄ နာရီ ဒရုန်းစောင့်ကြည့်ရေးအဖွဲ့များကို လည်း ဖွဲ့စည်းရန် ရှိနေကြောင်း သိရှိရသည်။

ယမန်နေ့ နေပြည်တော်ကို ဒရုန်းများဖြင့် တိုက်ခိုက်မှုသတင်းသည် နိုင်ငံတကာ သတင်းမီဒီယာများ အများစုတွင် စစ်ကောင်စီ၏ လုံခြုံရေးကို ခြိမ်းခြောက်သော ဖြစ်စဉ်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြလျက်ရှိပြီး ယင်းသတင်းနှင့်အတူ နိုင်ငံတစ်ဝန်း တော်လှန်ရေးတပ်များ၏ နယ်မြေစိုးမိုးမှု မြင့်တက်လာသည့်အခြေအနေများကို လည်း ဖော်ပြနေကြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #မင်းအောင်လှိုင် #ဒရုန်းတိုက်ခိုက်မှု #Jammer

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article