30 C
Yangon

မြ၀တီမြို့နယ်တွင် နေ့ရော ညပါ ပေါက်ကွဲမှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပေါ်၊ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများကို မရပ်မနားလုပ်ဆောင်နေ

Must read

ရန်ကုန်၊ ဧပြီ ၅

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် ယမန်နေ့ညပိုင်းမှ ယခု နံနက်အစောပိုင်းအထိ ပေါက်ကွဲမှုများ၊ လက် နက်ကြီး ပစ်ခတ်သံများ ဆက်တိုက်ကြားနေရပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများကိုလည်း မရပ်မနားလုပ်ဆောင်နေကြောင်း စစ်ရေးသတင်းရင်းမြစ်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ယမန်နေ့ ဧပြီလ ၄ ရက်နေ့ ည ၁၀ နာရီ ၄၈ မိနစ်အချိန်တွင်လည်းကောင်း၊ ည ၁၀ နာရီ ၅၀ မိနစ်အချိန်တွင် လည်းကောင်း၊ ည ၁၀ နာရီ ၅၂ မိနစ်အချိန်တွင်လည်းကောင်း ပေါက်ကွဲမှုများ စုစုပေါင်း ၄ ကြိမ်တိတိဖြစ်ပေါ်ခဲ့ကြောင်း ၊ မြ၀တီမြို့နယ်ရှိ ခမရ ၂၇၅ တပ်ရင်း၊ ရဲစခန်းနှင့် ထွေ/အုပ်ရုံးတို့ကို ဒရုန်းဖြင့် တိုက်ခိုက်မှုဟု ယူဆနိုင်ကြောင်း မြ၀တီမြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

“တစ်မြို့လုံး မြေကြီးတုန်ပြီး ပေါက်ကွဲမှုတွေ ညက ဖြစ်တယ်။ စုစုပေါင်း ၄ လုံးကွဲ ပါတယ် နေရာတွေကတော့ မတူ ပါဘူး ပထမဆုံး ကွဲတဲ့ အလုံးက မြ၀တီမြို့ထဲဖြစ်ဖို့များတယ်။ ပထမဆုံး ကွဲတဲ့ အလုံးက ရဲစခန်း လို့ ထင်ပါတယ် ။အရင်ထွေအုပ်ရုံး နဲ့ ရဲစခန်း ကို တိုက်ခိုက်တဲ့ သဘောမျိုးပါ ။ ဒရော့ဗုံး လို့ယူဆရပေမယ့် ညဘက်အပြင်ထွက်မရတော့ အတိအကျ မသိရဘူး။ ၂၇၅ တပ်ထဲလည်း ဗုံးကျဲသွားတယ်ထင်တယ်” ဟု မြ၀တီမြို့မှ ပြည်သူတစ်ဦးက ဆိုသည်။

ထို့ပြင် မြ၀တီမြို့အခြေစိုက် ၂၇၅ တပ်ရင်းကလည်း ယမန်နေ့ ညပိုင်းတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သည့်အပြင် စစ်ကောင်စီ၏ တိုက်လေယာဉ်များကလည်း လေကြောင်းတိုက်ခိုက်မှုများကို ယမန်နေ့ ညပိုင်းမှ ယနေ့ နံနက်အစောပိုင်းအထိ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

“မနေ့ညက ၂၇၅ တပ်ကနေ လက်နက်ကြီးတွေ တစ်မိနစ်ကို ၂ လုံး ၃ လုံးလောက် ထုတာ။ ရွှေမြစန္ဒီ၊ ကွက်သစ်တိုးချဲ့ ရပ်ကွက်၊ တုံးတတား စိမ်းလဲ့မြိုင် ကားကွင်းသစ် အနောက်ဘက်တွေကို ပစ်တာ။ ဆက်တိုက် လက်နက် ကြီးထုတာ။ မနေ့ည ၁၁နာရီ ၁၀ မိနစ်လောက်မှာမှ ၂၇၅ တပ်က အပစ်ရပ်သွားတယ်။ ၂၇၅ တပ်ထဲကိုလည်း ဒရုန်းဗုံးကျတယ်လို့ ပြောတယ်” ဟု မြ၀တီမြို့အခြေစိုက် စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

အလားတူ ယမန်နေ့ညပိုင်းမှ ယနေ့ နံနက်ပိုင်းအထိ စစ်ကောင်စီ၏ တိုက်လေယာဉ်များက မြ၀တီမြို့နယ်အတွင်း ပစ်ခတ် ဗုံးကျဲမှုများ လုပ်ဆောင်သဖြင့် ပေါက်ကွဲသံများကို ထိုင်း-မြန်မာနယ်စပ်၊ ထိုင်းနိုင်ငံဘက်အခြမ်း၊ မဲဆောက်မြို့ဘက်မှ ပင် ကြားရကြောင်း သိရှိရသည်။

ဓာတ်ပုံ – မြ၀တီမြို့နယ် တိုက်ပွဲတစ်ခုတွင် ကော်ဘရာစစ်ကြောင်းမှ တော် လှန်ရေးရဲဘော်များ တိုက်ပွဲဝင်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #မြ၀တီမြို့နယ် #လက်နက်ကြီးပစ်ခတ်မှု #လေကြောင်းတိုက်ခိုက်မှု

မြ၀တီမြို့နယ် တိုက်ပွဲတစ်ခုတွင် ကော်ဘရာစစ်ကြောင်းမှ တော် လှန်ရေးရဲဘော်များ တိုက်ပွဲဝင်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article