25 C
Yangon

စလင်းမြို့နယ်တွင် စစ်မှုထမ်းရန် လူစုဆောင်းပေးနေသည့် ၁၀ ရွာပိုင် အုပ်ချုပ်ရေးမှူး အောင်ဌေးစိုး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၅

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် စစ်မှုထမ်းရန် လူစုဆောင်းပေးနေသည့် ၁၀ ရွာပိုင် အုပ်ချုပ်ရေးမှူး အောင်ဌေးစိုး ကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၃ ရက်နေ့ ည ၈ နာရီခန့်တွင် မန်းကျီးပြားကျေးအုပ်စု ၁၀ ရွာပိုင် အုပ်ချုပ်ရေးမှူး အောင်ဌေးစိုးကို တော်လှန်ရေး ရဲဘော်များ သွားရောက် ဖမ်းဆီးစဉ် ထွက်ပြေး တိမ်းရှောင်သောကြောင့် ပစ်ခတ် ဖမ်းဆီးစဉ် နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော အုပ်ချုပ်ရေးမှူး အောင်ဌေးစိုးသည် အကြမ်းဖက် စစ်တပ်အတွက် စစ်မှုထမ်း ဥပဒေကို အသက်သွင်းရန် ကျေးရွာအတွင်းရှိ လူငယ် ၃ ဦးကို အာဏာသုံး၍ စစ်မှုထမ်းရန် စေခိုင်းခဲ့သူဖြစ်ကြောင်း သိရှိရသည်။

“ကျောက်ရဲတုန်း ကျေးရွာမှာနေတဲ့ ၁၀ ရွာပိုင် အုပ်ချုပ်ရေးမှူး အောင်ဌေးစိုး က ရပ်ရွာနေ ပြည်သူတွေကို စစ်မှုထမ်းဖို့ လူငယ်တွေကို ပေးပို့မယ့် ကိစ္စနဲ့ စပ်လျဉ်းပြီး တိုင်ကြားလို့ ဝင်ရောက် ဖမ်းဆီးတာကို ထွက်ပြေးတဲ့ အခြေအနေကြောင့် ပစ်ခတ်ဖမ်းဆီးရာကနေ ကျည်ထိမှန်သေဆုံးသွားတာပါ။ စစ်ခွေးတွေ အင်အား အလုံးအရင်းရှိတဲ့ နယ်မြေမို့ အိမ်ထဲကို ဝင်ရောက်ရှာဖွေမှုတွေ မလုပ်နိုင်ခဲ့ပါဘူး။ ပစ်ခတ် ရှင်းလင်းမှုပြီးတော့ နောက်နေ့ ညနေကစပြီး ရဲနဲ့ စစ်ခွေးတွေ အင်အားအများအပြားနဲ့ ဝင်ရောက် စစ်ဆေးတာတွေ လုပ်နေတယ်။ သူ့ကို ဝင်ဖမ်းတာက ၃ ရက်နေ့ ည ၈ နာရီဝန်းကျင်ပါ” ဟု စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို စလင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (စလင်း ပကဖ) နှင့် ဒေါင်းစစ်အောင် Local PDF တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ ယန္တရားတွင် ဆက်လက် ပါဝင်နေသူများ၊ ရပ်ကျေး အုပ်ချုပ်ရေးမှုးများအနေဖြင့် မိမိတို့ အသိစိတ်နှင့် အချိန်မီ ဆင်ခြင်ရန်နှင့် ဆက်လက်၍ စစ်မှုထမ်း ဥပဒေ အသက်သွင်း လည်ပတ်နေသူ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ စာရင်းများလည်း ရရှိထားသည်ကို အသိပေးအပ်ကြောင်းလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ စလင်း) မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #အုပ်ချုပ်ရေးမှူးအောင်ဌေးစိုးပစ်ခတ်ခံရပြီးသေဆုံး

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article