25 C
Yangon

Khit Thit သတင်းဌာန၏ ဧပြီ ၆ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဧပြီ ၆ ရက် နေ့ မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အာဏာရှင်ဟောင်း သန်းရွှေ၊ နအဖ ဒုဥက္ကဋ္ဌဟောင်း မောင်အေး နဲ့ အငြိမ်းစားသမ္မတ သိန်းစိန်တိုကို မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်က သွားရောက်တွေ့ဆုံခဲ့တယ်လို ရန်ကုန် တရုတ်သံရုံးက တရုတ် လူမှုကွန်ရက် Wechat ကတစ်ဆင့် သတင်းထုတ်ပြန်ပါတယ်။
  • ကရင်ပြည်နယ်၊ မြ၀တီမြိုနယ်နဲ့ ကော့ကရိတ်မြိုနယ်အစပ် သင်္ဃန်းညီနောင်စစ်ဗျူဟာကုန်းနဲ့ ခမရ ၃၅၇ တိုကို မနေ့က KNLA ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေ သိမ်းပိုက်ရရှိပြီး စစ်ကောင်စီတပ်ဘက်က ၂၀ ဦး ဝန်းကျင်သေဆုံးကာ စစ်သုံပန်းအများအပြား ဖမ်းဆီးရရှိခဲ့တယ်လို မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
  • ရန်ကုန်မြိုမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ မဟာဗျူဟာမြောက် ဆက်သွယ်ရေးနဲ့ ပြည်သူ့ဆက်ဆံရေးယူနစ်(SCPRU) က ထုတ်ဝေတဲ့ အဓမ္မစစ်သားစုဆောင်းရေးနဲ့ ပတ်သက်တဲ့ အသိပေးလက်ကမ်း စာစောင်တွေကို ပြည်သူလူထုကို ဖြန့်ဝေပေးခဲ့တယ်လို ရေဘဝဲ (ပြည်သူ့အကျိုးပြုလူငယ်အဖွဲအစည်း)မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
  • မြန်မာပြည်သူတွေကို အကြမ်းဖက်နေတဲ့ စစ်ကောင်စီကို လေယာဉ်ဆီနဲ့ စစ်လက်နက်ပစ္စည်းတွေ တင်ပိုရောင်းချခြင်းမပြုဖို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဆုံးဖြတ်တောင်းဆိုလိုက်တဲ့ သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article