30 C
Yangon

မြန်မာစစ်ကောင်စီ အင်အား ချိနဲ့လာနေကြောင်း ထိုင်းဝန်ကြီးချုပ် Srettha Thavisin ထုတ်ဖော်ပြောဆို

Must read

ရန်ကုန်၊ ဧပြီ ၈

မြန်မာအကြမ်းဖက်စစ်ကောင်စီအနေဖြင့် ၂၀၂၁ ခုနှစ် အာဏာသိမ်းခဲ့ပြီးနောက် ၃ နှစ်ကျော်အကြာတွင် အင်အား ချိနဲ့နေကြောင်း ထိုင်းဝန်ကြီးချုပ် Srettha Thavisin က ရိုက်တာသတင်းဌာနသို့ ဧပြီ ၈ ရက်နေ့တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။

မြန်မာစစ်ကောင်စီအနေဖြင့် လတ်တလော အကြီးမားဆုံးသော စိန်ခေါ်မှုများကို ရင်ဆိုင်နေရပြီး အင်အားတချို့လည်း ဆုံးရှုံးနေကြောင်း ၊ လက်ရှိအချိန်တွင် အင်အားချိနဲ့နေသော စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးမှုလုပ်ရန် အကောင်းဆုံးအချိန်ဟု ယူဆကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောဆိုသည်။

“လက်ရှိစစ်အစိုးရဟာ အင်အားတချို့ ဆုံးရှုံးနေပြီ။ ဒါပေမယ့် သူတို့ ရှုံးနေပေမယ့်လည်း သူတို့မှာ ပါဝါရှိတယ်၊ လက်နက်တွေလည်း ရှိတယ်။ဒီအချိန်က ထိတွေ့ဆက်ဆံပြီး သဘောတူညီချက်ရယူဖို့ အချိန်ကောင်း ဖြစ်လာနိုင်တယ်” ဟု ထိုင်းဝန်ကြီးချုပ်က ဆိုသည်။

မြန်မာအကြမ်းဖက်စစ်ကောင်စီသည် ထိုင်း-မြန်မာ နယ်စပ်မြို့ ဖြစ်သော မြ၀တီမြို့ကို ထိန်းချုပ်မှု လက်လွှတ်ရတော့မည်ဖြစ်ပြီး အရာရှိများ အပါအဝင် စစ်သား ၆၁၇ ဦး KNU ထံတွင် လက်နက်ချ အညံ့ခံသွားကြောင်း၊ ထို့ကြောင့် ထိုင်းအစိုးရထံတွင် အကူအညီတောင်းခံကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြန်လည်ခေါ်ယူရန် မဲဆောက်- ရန်ကုန် လေယာဉ် ခရီးစဉ်များ ပျံသန်းရန် ထိုင်းအစိုးရထံမှ ခွင့်ပြုချက်ရယူထားကြောင်း သိရှိရသည်။

ဓာတ်ပုံ – ထိုင်းဝန်ကြီးချုပ် Srettha Thavisin ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #မြန်မာစစ်ကောင်စီအင်အားချိနဲ့လာနေ #ထိုင်းဝန်ကြီးချုပ် Srettha Thavisin

ထိုင်းဝန်ကြီးချုပ် Srettha Thavisin
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article