25 C
Yangon

အစိုးရတစ်ရပ် ဖြစ်ရန် KNU က ကြိုးစားနေပြီး ဖြစ်လည်းဖြစ်တော့မည်ဟု ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးပြောဆို

Must read

စစ်ကောင်စီက မြို့များကိုဖျက်ဆီးမည်ဟု ထုတ်ဖော်ပြောဆိုမှုများ ရှိခဲ့၍ မြ၀တီမြို့မှ ပြည်သူများ ကြိုတင်ပြင်ဆင်ကြရန် တိုက်တွန်း

ရန်ကုန်၊ ဧပြီ ၈

ကရင်အမျိုးသားအစည်းအရုံး KNU အနေဖြင့် ဂုဏ်သိက္ခာရှိသော ကော်သူလေး အစိုးရ ဖြစ်ရန် ကြိုး စားနေပြီး ဖြစ်လည်း ဖြစ်တော့မည်ဖြစ်ကြောင်း KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက ပြောဆိုလိုက်သည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနနှင့် ယနေ့ ပြုလုပ်သော အထူး သီးသန့် တွေ့ဆုံ မေးမြန်းခန်းတွင် ၎င်းက အထက်ပါ အတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

“ကျွန်တော်တို့ ကိုယ်တိုင်ကလည်း အစိုးရတစ်ရပ်ဖြစ်လာအောင် ကြိုးစားနေတဲ့ အနေအထားမှာ ရှိတယ်။ အဲဒါကြောင့်မို့လို့ အစိုးရဂုဏ်သိက္ခာနဲ့ ဖြစ်လာအောင် ကျွန်တော်တို့ ကြိုးစားနေတဲ့ အပေါ်မှာ အဲဒီလို အစိုးရ ဂုဏ် သိက္ခာနဲ့ မလျော်ညီတဲ့ လုပ်ရပ်တွေကို ကျွန်တော်တို့ မလုပ်ဘူးဆိုတာ ဒါပဲ ပြောချင်တယ်။ကြိုးစားနေတယ်။ G ဖြစ်လာအောင် ကျနော်တို့ဖြစ်အောင် ကြိုးစားနေတယ်။ ဖြစ်လည်းဖြစ်တော့မယ်” ဟု ပဒိုစောတောနီးက ပြော ဆိုသည်။

လက်ရှိ မြ၀တီမြို့၏အခြေအနေနှင့်ပတ်သက်၍ KNU ပဒိုအလုပ်အမှုဆောင် ပဒိုစောတောနီးက ပြောဆိုရာတွင် မြ၀တီတွင် မြို့စောင့်တပ် ၂၇၅ တစ်ခုတည်း ကျန်ရှိတော့ကြောင်း၊ ဗျူဟာစခန်းပင် ပြိုလဲသွားပြီဖြစ်၍ ၂၇၅ တတပ်တစ်ခုတည်း တောင့်ခံရန် မဖြစ်နိုင်ကြောင်း၊ စစ်ကောင်စီက မြို့များကို ဖျက်ဆီးမည်ဟု မြောက်ပိုင်းစစ်ပွဲများအတွင်း ပြောဆိုခဲ့မှုများရှိကြောင်း၊ မြ၀တီမှ ပြည်သူများ စိုးရိမ်မည်ဆိုလျှင်လည်း စိုးရိမ်လောက်ကြောင်း၊ KNLA အနေဖြင့် လျှောက်လှမ်းမည့် လမ်းကြောင်းရှင်းလင်းနေပြီး ဆက်လက် လျှောက်လှမ်းသွားမည်ဖြစ်ကြောင်း၊ နောက်ဆုတ်ရန် လမ်းမရှိတော့ကြောင်း ပြောဆိုသည်။

“ပြောရမယ်ဆိုရင်တော့ မြ၀တီမှာ တပ်ရင်းတွေက ၃ ၊ ၄ ၊ ၅ ရင်းလောက်ရှိတယ်။ ၃၅၅ ရှိမယ်၊ ၃၅၆ ရှိမယ်၊ ၃၅၇ ရှိမယ်။ ဗျူဟာစခန်းရှိမယ်။ အဲဒါတွေကတော့ သွားကုန်ပြီ။ တကယ့် အချက်အချာတွေကကုန်ပြီ။ မြို့စောင့်တပ် ၂၇၅ တပ်ရင်းလေးတစ်ခုပဲရှိတယ်။ နောက်ပြီးတော့ အနီးအနားမှာ တပ်မ ၄၄ တပ်မမှူး ကိုယ်တိုင်ရှိတယ်လို့ ကျနော်တို့ကြားရတယ်။ ၂၇၅ တပ်ရင်းကတော့ တစ်ရင်းပဲရှိတော့တာပဲ။ ၂၇၅ သတင်းအမျိုးမျိုးကြားတယ်။ KNLA ကတော့ ဆက်လုပ်စရာရှိတာ ဆက်လုပ်သွားမှာပဲ။ ကျနော်တို့ ခံစစ်ကနေ သူတင်ကိုယ်တင် အနေအထား တစ်ခုကို ၂ နှစ်ကျော်ရင်ဆိုင်လာပြီးတဲ့နောက်မှာ အခု ၃ နှစ်ကျော်လာတဲ့အချိန်မှာ ထိုးစစ်ဖြစ်နေပြီ။ သူတို့ ဘယ်လိုပဲ သတင်းတွေ လွှင့်၊ လွှင့် ဘယ်လိုပဲ ကြုံးဝါးပြီး ပြန်သိမ်းမယ်ပြောပြော ။ ဒုချုပ်ကိုယ်တိုင်က ပြန်သိမ်းပြောပြော ဘယ်လောက်ပဲ ထွက်ထွက် အခုကတော့ ဖာပွန်လည်း ကျသွားပြီ။ မြ၀တီမှာလည်း သင်္ဃန်းညီနောင် ကျသွားပြီ။ ကျနော်တို့ ရှေ့တိုးဖို့ပဲ ကျန်တယ်။ ခံစစ်ကနေ သူတင်ကိုယ်တင်အနေအထားရောက်လာပြီး ထိုးစစ်ကနေ တစ်ဆင့်ပြီး တစ်ဆင့် သွားတော့မယ်။ လမ်းကြောင်းက ရှင်းနေတာပဲ။ လမ်းကြောင်းရှုပ်နေတဲ့ အနေအထားမှာတောင် ရပ်ခံနိုင်သေးတာပဲ။ အခု လမ်းကြောင်းရှင်းနေတဲ့အချိန်မှာ ကျနော်တို့ ဘာမှ ဆုတ်စရာ အကြောင်းမရှိတော့ဘူး” ဟု ပဒိုစောတောနီးက ပြောဆိုသည်။

မြ၀တီမြို့ကို စစ်ကောင်စီက ဖျက်ဆီးမည်ဟု သတင်းများ ထွက်ပေါ်နေသည့်အပေါ် ၎င်းက ” လူထုတွေ စိုးရိမ်သလိုကတော့ ဒါက မလွဲဘူးလို့ ပြောရမှာပဲ။ သူတို့ မြောက်ပိုင်း စစ်ဒေသမှာ သူတို့ ကိုယ်တိုင် ထုတ်ပြောတယ်လေ။ သူတို့မြို့တွေ အလီလီ ဆုံးရှုံးရတဲ့အခါမှာ သူတို့ ဘာပြောလဲဆိုတော့ မင်းတို့ ကြိုက်သလောက် သိမ်း ငါတို့ကတော့ ကြိုက်သလောက် ပြန်ဖျက်မယ်ဆိုတဲ့ စကားမျိုး သူတို့ ထုတ်ပြောတာပဲလေ။ အဲဒါကြောင့်မို့လို့ ဒါက မဖြစ်နိုင်ဘူးလို့ ပြောလို့မရဘူး။ ဒီလူတွေ မလုပ်ရဲတာ မရှိဘူးဆိုတာ သူတို့ကိုယ်တိုင်ကလည်း လူဆိုး လူမိုက်ပီပီ လျှောက်ပြောနေပြီးသား။ အဲဒါကြောင့်မို့လို့ အသိပေးရမှာက လူထုတွေ ပြင်ဆင်စရာရှိတာ ပြင်ဆင်ကြပါ။ လူထုတွေ စိုးရိမ်တယ်ဆိုတာက စိုးရိမ်လောက်တယ်လေ။ အခု သတင်းတွေထွက်နေသလို သူ့လူတွေ ကယ်ထုတ်ပြီးတဲ့အခါမှာ လူထုက စိုးရိမ်တာက သူတို့ ဒီမြို့ကို ဖျက်ဆီးတော့မှာပဲ။ လူထုတိုင်းက စိုးရိမ်ကြတယ်။ ဒါကလည်း စိုးရိမ်စရာတော့ရှိတယ်”ဟု ထုတ်ဖော်ပြောဆိုသွားသည်။

(KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးနှင့် ရန်ကုန်ခေတ်သစ်သတင်းဌာန တွေ့ဆုံမေးမြန်းခန်းအပြည့် အစုံကို မကြာမီ ဖော်ပြပါမည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #အစိုးရတစ်ရပ် #ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီး

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article