25 C
Yangon

မြင်းခြံမြို့နယ်၊ ရသာရွာကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး ပြည်သူ ၃ ဦးကို ပစ်သတ်ကာ နေအိမ် ၂၅၀ ကျော်ကို မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဧပြီ ၈

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ရသာရွာကို အကြမ်းဖက် စစ်သား၊ ပျူစောထီးများက စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ပြည်သူ ၃ ဦးကို ပစ်သတ်ကာ နေအိမ် ၂၅၀ ကျော်ကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဧပြီလ ၈ ရက် နံနက် ၅ နာရီခန့်က မြင်းခြံမြို့ပေါ်ရှိအကြမ်းဖက်စစ်သားများနှင့် ကျောက်ကန် ရွာ၊ လယ်သစ်ရွာ၊ ညောင်တို့ရွာတို့မှပျူစောထီးများပူးပေါင်းကာ ကား ၃ စီးဖြင့် ရသာကျေးရွာအတွင်း သို့ ဝင်ရောက်လာပြီးနောက် ပြည်သူများကို လိုက်လံ ပစ်ခတ်ခဲ့ရာ အ သက် ၆၀ အရွယ် ရသာရွာသား ဦးဥာဏ်ဖေနှင့် ဖရင်းရွာမှ သားအဖ ၂ ဦးတို့ သေဆုံးခဲ့ကြောင်း၊ ထို့နောက် ရွာသူ၊ ရွာသားများကို စာ သင် ကျောင်းအတွင်းဖမ်းဆီးကာ ဖုန်းများကို သိမ်းယူပြီး ရိုက်နှက်နှိပ်စက်ခဲ့ကြောင်း သိရသည်။

“ဒီမနက် ၇ နာရီလောက်က ဝင်လာတာ၊ ပြည်သူတွေကို စာသင်ကျောင်းထဲ ဖမ်းပြီးရိုက်သေးတယ်၊ ဖုန်းတွေပါ သိမ်းသွားတာ၊ ပြည်သူတွေကို ခဏဖမ်းရိုက်ပြီး ပြန်လွှတ်ပေးတယ်၊ အခုတော့ ပြန်ထွက် သွားပြီ၊ တိုက်ပွဲဖြစ်တာမျိုးမရှိပါဘူး။ အကြောင်းမဲ့သက်သက်ကို လာလုပ်သွားတာပါ အခုနေ့လည် ပိုင်း တော့ပြန်ထွက်သွားပြီ” ဟု ဒေသနေ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

နံနက်ပိုင်းမှ စ၍ နေ့လည်ပိုင်းအထိ အကြမ်းဖက်စစ်သား၊ ပျူစောထီးများက ရသာကျေးရွာရှိနေ အိမ် များကို မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၅၀၀ ကျော်ရှိသည့်အနက် အိမ်ခြေ ၂၅၀ ကျော်မီးလောင်ပြာကျခဲ့ ကြောင်း၊ ကျေးရွာနေပြည်သူများမှာ နေအိမ်များသို့ ပြန်လည် ဝင်ရောက်နေထိုင်နိုင်ခြင်းမရှိသေးပဲ နီးစပ်ရာ နေရာများတွင်ရှောင်နေကြရကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၅ ရက်နေ့က လယ်သစ်ကျေးရွာမှ ပျူစောထီးခေါင်းဆောင် ပေါက်ကြီး၏ အဖွဲ့ဝင် ပျူစောထီးတစ်ဦးကို ရသာကျေးရွာနေပြည်သူများက မသင်္ကာသဖြင့်ခေါ်ယူစစ်ဆေးခဲ့သည်ကို မကျေနပ်သဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာပြီး ပစ်ခတ်သတ်ဖြတ်ခြင်း၊ မီးရှို့ခြင်းများ လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း ဒေသနေပြည်သူများထံက သိရသည်။သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article