25 C
Yangon

ပခုက္ကူ – ရေစကြို လမ်းပိုင်းတွင် စစ်သားများ တင်ဆောင်လာသည့် ကုန်ကားနှင့် ဦးပိုင်ကုမ္ပဏီပိုင်ကား တို့ကို တားဆီး စစ်ဆေးစဉ် ပစ်ခတ်မှု ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၇ ဦးသေဆုံး

Must read

ပခုက္ကူ – ရေစကြို လမ်းပိုင်းတွင် စစ်သားများ တင်ဆောင်လာသည့် ကုန်ကားနှင့် ဦးပိုင်ကုမ္ပဏီပိုင်ကား တို့ကို တားဆီး စစ်ဆေးစဉ် ပစ်ခတ်မှု ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၇ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၁၀

မကွေးတိုင်း၊ ပခုက္ကူ-ရေစကြို လမ်းပိုင်းတွင် စစ်သားများ တင်ဆောင်လာသည့် ကုန်ကားနှင့် ဦးပိုင်ကုမ္ပဏီပိုင်ကား တို့ကို တားဆီး စစ်ဆေးစဉ် ပစ်ခတ်မှု ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၇ ဦးသေဆုံးခဲ့ကြောင်း Southern YSO PDF တပ်ဖွဲ့မှ တာဝန်ခံကိုအောင်မောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဧပြီလ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က ဆင်ချောင်းပျူစောထီးကျေးရွာမှ ထွက်လာသော ဦးပိုင်ကုမ္ပဏီပိုင် စူပါကော်ဖီမစ် ကား ၁ စီးနှင့် အမှတ် ၂၅၉ တပ်ရင်းမှ ကုန်ပစ္စည်းများနှင့် စစ်သားများ တင်ဆောင်လာသည့် ကုန်ကား ၁ စီး တို့ကို တော်လှန်ရေး တပ်ဖွဲ့များက GTC စစ်တပ်ဂိတ်နှင့် ပန်းတိုင်းခြုံ စစ်တပ်ဂိတ် အကြားတွင် တားဆီး စစ်ဆေးခဲ့ရာ ကားတွင် လိုက်ပါလားသော စစ်သားများက ပစ်ခတ်ခဲ့ခြင်းကြောင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရ သည်။

ထိုသို့ ပစ်ခတ်မှုအတွင်း ကုန်ကားပေါ်တွင် လိုက်ပါလာသော အကြမ်းဖက် စစ်သား ၅ ဦးသေဆုံးခဲ့ပြီး ကျန်ရှိသော စစ်သားများက ထွက်ပြေးသွားကြောင်း၊ ဦးပိုင်ကုမ္ပဏီပိုင်ကားတွင် လိုက်ပါလာသည့် အမှတ် ၂၅၉ တပ်ရင်းမှ တပ်ကြပ်ကြီး ၁ ဦး၊ ချွေးမဖြစ်သူတို့ သေဆုံးကာ ယာဉ်မောင်း မြင့်နိုင်နှင့် အကြမ်းဖက် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ နေသူလွင် တို့မှာလည်း အပြင်းအထန် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ဦးပိုင်ကုမ္ပဏီပိုင် ကားပေါ်မှ ကပစ ကျည် ၅.၅၆ ကျည် အတောင့် ၃၁၀ ၊ ဗုံးသီး ၃ လုံး တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“ဆင်ချောင်းကနေ ကနဦးထွက်လာတာက ကုမ္ပဏီကန်တာကားပေါ့၊ အဲဒီကုမ္ပဏီကားကို ပျူတွေက စူပါကာစတန်ကားနဲ့ လုံခြုံရေးလိုက်ပေးတယ်။ ကျောက်လှေကားနားရောက်တော့ စူပါကာစတန် ကားက ပြန်သွားတယ်၊ အဲဒီကျောက်လှေကားဂိတ်မှာရောက်နေတဲ့ ကုန်ကားအစီးရယ်။ ကုမ္ပဏီ ကန်တာကားရယ်က ကျနော်တို့စောင့်နေတဲ့ ပခုက္ကူလမ်းအတိုင်းမောင်းလာတာ။ ကျနော်တို့ သတင်း ကြိုရတာက ကန်တာကုမ္ပဏီကားပဲ သတင်းကြိုရတာ၊ ကုန်ကားကြီးကို သတင်းကြိုမရဘူး၊ ကျနော် စစ်ဆေးတဲ့ဂိတ်ကိုရောက်လာတော့ ရှေ့ကန်တာကားကို တားတယ်၊ မရပ်ဘူး၊ မရပ်တော့ပစ် လိုက် တာ၊ နောက်က ကုန်ကားက ရပ်တယ်၊ ရပ်ပြီးတော့ ကျနော်တို့ကို ပစ်တယ်၊ အဲဒီအချိန်မှာ ကျနော် တို့က ကားတစ်စီးကို တပြိုင်တည်း ပြန်လည် ပစ်ခတ်တားဆီးနိုင်တဲ့အခြေအနေဖြစ်သွားတာ” ဟု Southern YSO PDF တပ်ဖွဲ့မှ တာဝန်ခံကိုအောင်မောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့ ကားနှစ်စီးအား ရှာဖွေစစ်ဆေးနေစဉ် ပခုက္ကူနည်းပညာတက္ကသိုလ် GTC ဂိတ်မှ အကြမ်းဖက် စစ်သားများက လက်နက်ကြီးများဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့ပြီး ပန်းတိုင်းခြုံဂိတ်မှ အကြမ်းဖက် စစ်သားများမှလည်း စစ်ကူတက်လာသောကြောင့် အပြည့်အဝ စစ်ဆေးနိုင်ခြင်းမရှိတော့ဘဲ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

ထိုသို့ ဆုတ်ခွာလာပြီးနောက် ပခုက္ကူမြို့၊ စက်မှုဇုန် စစ်ဆေးရေးဂိတ်မှ ဖိုးဝှီးကား တစ်စီး၊ အာရာဖတ် တစ်စီး၊ မတ်တူးကားတစ်စီးဖြင့် အကြမ်းဖက်စစ်သား အင်အား ၄၀ ခန့် ရောက်ရှိလာကာ ကားပေါ် ၌ သေဆုံးသွားသော အကြမ်းဖက်စစ်သားများကို လူနာတင်ယာဉ် ၂ စီးဖြင့် အမှတ် ၂၅၉ တပ်ရင်း အ တွင်း သို့ သယ်ဆောင်သွားကြောင်း၊ ထို့ပြင် စစ်ကားအကြီး ၅ စီးဖြင့် အကြမ်းဖက်စစ်သားအင်အား ၂၅၀ ခန့်ထပ်မံရောက်ရှိလာကာ မိုးကာအစိမ်းရောင်အုပ် ကုန်ကားကို စစ်ဆေးခဲ့ကြောင်း သိရသည်။

“ပန်းတိုင်းခြုံဂိတ်ကလည်း ပစ်ဖောက်ပြီး တက်လာတာ ကျနော်တို့နဲ့ မီတာ ၅၀၀ အကွာ လောက်ရောက်နေပြီ၊ မီတာ ၆၀၀ အကွာလောက်မှာရှိတဲ့ GTC ဂိတ်ကလည်း ကျနော်တို့ကို ကောင်တာပြန်နေပြီ ပြန်နေတဲ့အတွက်ကြောင့် ကုန်ကားကြီးကို မစစ်ဆေးနိုင်ပဲနဲ့ နောက်ပြန်လှည့် ခဲ့တယ်၊ အဲလိုလှည့်လာတဲ့အတွက် ကုန်ကားကြီးမှာ ဘာပစ္စည်းတွေပါမှန်းမသိခဲ့ရဘူး၊ အဲဒီကားကို သာ စီးနိုင်မယ်ဆိုရင် လက်နက်ခဲယမ်းတွေတော်တော်များများ ရနိုင်မယ့်အခြေအနေမျိုးရှိတယ်၊ ဒါပေမယ့် ကျနော်တို့မှာ နှစ်ဖက်ညှပ်ပစ်နေတဲ့အတွက်နောက်ပြန်ဆုတ်ခဲ့ရတဲ့အခြေနေပေါ့” ဟု Southern YSO PDF တပ်ဖွဲ့မှ တာဝန်ခံကိုအောင်မောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article