28 C
Yangon

မင်းအောင်လှိုင်ကို ဖြုတ်ချရန် ကြံစည်မှု နောက်ဆက်တွဲ ဒုဗိုလ်ချုပ်ကြီး ညိုစော၊ ကြံ့ဖွတ်ပါတီ၏ CEC နှင့် နိုင်ငံ ခြားရေးရာ ကော်မတီ တာဝန်ခံ ဒုဗိုလ်ချုပ် ကြီးဟောင်း အောင်စိုးတို့ ဖမ်းဆီး စစ်ဆေးခံနေရ

Must read

မင်းအောင်လှိုင်ကို ဖြုတ်ချရန် ကြံစည်မှု နောက်ဆက်တွဲ ဒုဗိုလ်ချုပ်ကြီး ညိုစော၊ ကြံ့ဖွတ်ပါတီ၏ CEC နှင့် နိုင်ငံ ခြားရေးရာ ကော်မတီ တာဝန်ခံ ဒုဗိုလ်ချုပ် ကြီးဟောင်း အောင်စိုးတို့ ဖမ်းဆီး စစ်ဆေးခံနေရ

■ ဖမ်းဆီးခံရသူ ၂ ဦးစလုံးကို မြေယာအလွဲသုံးစားမှုနှင့် အဂတိမှု တပ်ထားပြီး နေပြည်တော်တွင် လုံခြုံရေးများ တိုးမြှင့်ထား

ရန်ကုန်၊ ဧပြီ ၁၂

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖြုတ်ချရန် ကြံစည်မှု နောက် ဆက်တွဲ အဖြစ် မင်းအောင် လှိုင်၏ အကြံပေး ဒုဗိုလ်ချုပ်ကြီးညိုစော၊ ကြံ့ဖွတ်ပါတီ၏ CEC နှင့် နိုင်ငံခြားရေးရာ ကော်မတီ တာဝန်ခံ ဒုဗိုလ် ချုပ်ကြီး ဟောင်း အောင်စိုးတို့ကို စစ်ကောင်စီက ဖမ်းဆီး စစ်ဆေးနေကြောင်း သိရှိရသည်။

လတ်တလော စစ်ကောင်စီ၏ အဂတိလိုက်စားမှု ကော်မရှင်က ၎င်းတို့နှစ်ဦးကို မြေနှင့် အခြားသော အဂတိ လိုက်စားမှုများဖြင့် အရေးယူရန်လည်း အမှုဖွင့်ထားပြီး လက်ရှိတွင်လည်း စစ်ဆေးနေဆဲဖြစ်ကြောင်း၊ လယ်/ဆည်ဝန်ကြီးဟောင်း မြင့်လှိုင်ကို ဧပြီလ ၉ ရက်နေ့တွင် အမှုဖွင့် ဖမ်းဆီးပြီးနောက် နောက်ဆက်တွဲအဖြစ် ဧပြီလ ၁၁ ရက်နေ့ ည ၉ နာရီ ၁၅ မိနစ် အချိန် ဒုဗိုလ် ချုပ်ကြီး ညိုစောနှင့် ဒုဗိုလ်ချုပ်ကြီးဟောင်း အောင်စိုးတို့ကို ဖမ်းဆီးစစ်ဆေးခြင်းဖြစ်ကြောင်း သိရှိရသည်။

“နောက်ဆက်တွဲ ဖမ်းဆီးမှုတွေ ရှိနိုင်ပါတယ်။ စစ်ဆေးမှု အပေါ်မှာ မူတည်ပြီးတော့ ဖမ်းဆီးမှုတွေ ရှိနိုင်ပါတယ်။ အခု ဖြစ်ပေါ်နေတဲ့ ဖမ်းဆီးမှုတွေကလည်း လယ်/ဆည်ဝန်ကြီးဟောင်းကို ဖမ်းဆီး စစ်ဆေးပြီးတော့ ဖြစ်လာတဲ့ ဖမ်းဆီးမှုတွေလို့ ပြောလို့ရနိုင်တယ်။ အခုလည်း သူတို့ ဖြေတဲ့ အဖြေတွေအပေါ်မှာ မူတည်ပြီး ဘာတွေ ဆက်ဖြစ်မလဲဆိုတာ သိရမယ်။ နေပြည်တော်မှာတော့ လုံခြုံရေး အတော်ကို တင်းကျပ်ထားတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ဒုတိယဗိုလ်ချုပ်ကြီးညိုစောသည် မင်းအောင်လှိုင်၏ အထူးယုံကြည်ရသော အကြံပေးတစ်ဦးဖြစ်ပြီး ဒုတိယဗိုလ်ချုပ်ကြီးဟောင်း အောင်စိုးမှာလည်း မင်းအောင်လှိုင်၏ စီမံမှုဖြင့် ကြံ့ဖွတ်ပါတီသို့ ၂၀၂၂ ခုနှစ်၊ အောက် တိုဘာလကုန်တွင် အရပ်ဝတ်လဲ ပြောင်းရွှေ့ခံရသူဖြစ်သည်။

လက်ရှိတွင် ဖမ်းဆီးခံရသူ ၂ ဦးစလုံးကို မြေယာများ အလွဲသုံးစားမှု ၊ အခြားသော အဂတိလိုက်စားမှုဖြင့် အဆင်သင့် အမှုတပ်ထားပြီး နေပြည်တော် အဆောင် ၁၄ ၊ ကကရေး ၃ ရုံးချုပ်ရှိ အချုပ်ဆောင်တွင် ဖမ်းဆီးထိန်းသိမ်းထားသည်ဆိုသော သတင်းများလည်း ရရှိထားသည်။

ဒုတိယဗိုလ်ချုပ်ကြီးဟောင်း အောင်စိုးသည် စစ်တက္ကသိုလ် အပတ်စဉ် ၂၆ ကျောင်းဆင်းဖြစ်ပြီး တပ်မ ၃၃ တပ်မမှူး၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ကစထမှူး တာဝန်များ ထမ်းဆောင်ခဲ့ကာ ဦးသိန်းစိန်အစိုးရနှင့် NLD အစိုးရ လက်ထက်တွင် ပြည်ထဲရေး ဒုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

ဒုတိယဗိုလ်ချုပ်ကြီး ညိုစောသည် စစ်တက္ကသိုလ် အမှတ်စဉ် ၂၃ ကျောင်းဆင်းဖြစ်ပြီး တောင်ပိုင်းတိုင်းစစ်ဌာန ချုပ်နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တို့တွင်လည်း တိုင်းမှူး တာဝန်များကိုထမ်းဆောင်ခဲ့ပြီး စစ်ထောက်ချုပ်အဖြစ် ၂၀၁၄ ခုနှစ်မှ ၂၀၂၀ ခုနှစ် ဧပြီလအထိ တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း( MEC ) ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး စစ်တပ်ပိုင် အင်းဝဘဏ် ၏ ဥက္ကဋ္ဌအဖြစ်လည်း ထမ်းဆောင်နေကော စစ်ခါင်းဆောင်၏ အထူးအကြံပေး ပုဂ္ဂိုလ်လည်းဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article