25 C
Yangon

မြဝတီမြို့သို့ စစ်ကူ တက်လာသည့် စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၃၀ ခန့် သေဆုံးပြီး သံချပ်ကာကား ၁ စီးအပါအဝင် စစ်ကား ၂ စီး ထက်မနည်းပျက်စီး

Must read

မြဝတီမြို့သို့ စစ်ကူ တက်လာသည့် စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၃၀ ခန့် သေဆုံးပြီး သံချပ်ကာကား ၁ စီးအပါအဝင် စစ်ကား ၂ စီး ထက်မနည်းပျက်စီး

ရန်ကုန်၊ ဧပြီ ၁၃

ကရင်ပြည်နယ်၊ မြဝတီမြို့သို့ စစ်ကူပေးရန် ချီတက်လာသည့် အကြမ်းဖက်စစ်ယာဉ်တန်းကို ကြား ဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃၀ ခန့် သေဆုံးပြီး သံချပ်ကာကား ၁ စီးအပါအဝင် ၂ စီးပျက်စီးခဲ့ ကြောင်း ကျားဖြူစစ် ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ဧပြီလ ၁၁ ရက်နေ့ကစ၍ KNU/KNLA ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ထားသည့် မြဝတီမြို့ကို ပြန်လည် ရယူနိုင်ရန်အတွက် ကော့ကရိတ်မြို့ရှိ အကြမ်းဖက်စစ်တပ်အတွင်းမှ ရာချီသော အကြမ်း ဖက် စစ်သားများသည် သံချပ်ကာကား၊ ဖောကား များဖြင့် လေကြောင်း၊ လက်နက်ကြီးပစ်ကူယူကာ ချီ တက်လာခဲ့ကြောင်း၊ ထိုသို့ ချီတက်လာသည့် စစ်ကူစစ်ကြောင်းကို KNLA ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်လျက်ရှိရာ ဧပြီလ ၁၁ ရက်နေ့မှ စ၍ ယနေ့ ဧပြီလ ၁၃ ရက်နေ့အထိ အကြမ်း ဖက်စစ်သား ၃၀ ခန့်သေဆုံးပြီး တင့်ကား ၁ စီး၊ ဖောကား ၁ စီး ပျက်စီးသည်ကို မျက်မြင်တွေ့ ရှိခဲ့ကြောင်း သိရသည်။

“အခု အာရှလမ်းကိုတက်နေတယ်၊ စစ်ခွေးတွေ မနေ့ကလည်း ကျတယ်၊ ဒီနေ့လည်း ကျတယ်၊ သံချပ်ကာတင့် ကား တစ်စီး၊ ဖောကားတစ်စီး ပျက်စီးတယ်၊အဲဒါကတော့ မျက်မြင်ပေါ့၊ အာရှလမ်းအတက်မှာ ကျန်ခဲ့ တာ။ ကျန်တဲ့ လမ်းပိုင်း မှာလည်း ကျန်ခဲ့နိုင်တယ်။ ခွေးသေကတော့ ခန့်မှန်းခြေ ၂၀ ၊ ၃၀ လောက် တော့ရှိမယ်။ ခွေးတွေက ဆက်တက်လာနေတုန်းပဲ၊ သူတို့ လည်း ဒီတစ်ချီတော့ မီးကုန်ယမ်းကုန် ထိုး မယ့် သဘောပဲ၊ အဲလိုတွက်မိတာပေါ့။ Y12 လေယာဉ်နဲ့ တောက်လျှောက်နီးပါးခေါင်းပေါ် ပျံဝဲနေ တာ။ Y12 လေယာဉ်ပြန်ထွက်ရင် လက်နက်ကြီးနဲ့ ပစ် တယ်လို့ သိရ တယ်။” ဟု ကျားဖြူ စစ် ကြောင်း မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့ စစ်ကြောင်းထိုးလာစဉ် လေကြောင်းမှ Y12 လေယာဉ်ဖြင့် ပျံဝဲကင်းယူပေးသည့်အပြင် လက် နက်ကြီးများဖြင့်လည်း ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့်ကော့က ရိတ်မြို့နယ်၊ မောင်းမရွာသစ်ကျေးရွာနေ အမျိုသမီးတစ်ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်ကူစစ်ကြောင်းသည် ယခုအခါ ကော့ကရိတ်မြို့နယ်၊ ကော့နွဲကျေး ရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာအနီးရှိ အာရှလမ်းမတောင်ခြေသို့ ရောက်ရှိနေပြီးဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – မြ၀တီသို့ ချီတက်လာနေသည့် စစ်ကူစစ်ကြောင်းမှ သံချပ်ကာ ကားတစ်စီးကို ယမန်နေ့ ရက်ပိုင်းက တွေ့ရစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #မြဝတီမြို့ #စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်မှု

မြ၀တီသို့ ချီတက်လာနေသည့် စစ်ကူစစ်ကြောင်းမှ သံချပ်ကာ ကားတစ်စီးကို ယမန်နေ့ ရက်ပိုင်းက တွေ့ရစဉ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article