39 C
Yangon

ဆော့လော်မြို့နယ်ရှိ စစ်ကောင်စီနှင့် ပြည်သူ့စစ်စခန်း ၂ ခုကို KIA က တိုက်ခိုက်သိမ်းပိုက်

Must read

ဆော့လော်မြို့နယ်ရှိ စစ်ကောင်စီနှင့် ပြည်သူ့စစ်စခန်း ၂ ခုကို KIA က တိုက်ခိုက်သိမ်းပိုက်

ရန်ကုန်၊ ဧပြီ ၁၃

ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်ရှိ စစ်ကောင်စီနှင့် ပြည်သူ့စစ်စခန်း ၂ ခုကို KIA ဦးဆောင်သော တော်လှန် ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၁၁ ရက်နေ့ နံနက်ပိုင်း၊ ကချင်ပြည်နယ် ၊ ဆော့လော်မြို့အနီး မျောမောကျေးရွာရှိ ပြည်သူ့စစ်စခန်းကိုလည်းကောင်း၊ ဧပြီလ ၁၂ ရက်နေ့ တွင် နယ်ခြားစောင့်တပ်စခန်းတစ်ခုကိုလည်းကောင်း အသီးသီး တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

“ ၁၁ ရက်နေ့က မျောမောကျေးရွာ ပြည်သူ့စစ်စခန်းကို သိမ်းတယ်။ မျှော်ဇန်ကူးရွာမှာရှိတဲ့ နယ်ခြားစောင့် တပ်စခန်းကို သိမ်းတယ်။ စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုနဲ့ လက်နက်ခဲယမ်းသိမ်းဆည်းရရှိ ပါတယ်။ ထပ်ပြီးတော့ မကြာခင်မှာ စစ်ဆင်ရေးတွေ ရှိနေတာမို့ ပြည်သူတွေအနေနဲ့ အသွားအလာ သတိထားသွားလာကြဖို့ အသိပေးချင်ပါတယ်” ဟု KIA သတင်းရင်းမြစ်က ရှင်းပြသည်။

KIA က မတ်လ ၇ ရက်နေ့မှစတင်ပြီး ကချင်ပြည်နယ်အတွင်းတွင် စစ်ဆင်ရေးများဖြင့် စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်လျက်ရှိပြီး ဖားကန့်၊ မိုးမောက်နှင့် ၀ိုင်းမော်မြို့နယ်တို့ရှိ စစ်ကောင်စီတပ်စခန်း အများအပြားကို သိမ်းပိုက်ရရှိနေပြီဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ဆော့လော်မြို့နယ် #KIA

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article