33 C
Yangon

ရေစကြိုမြို့ ထွေ/အုပ်ရုံးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သင်္ကြန်ပွဲလုပ် သောက်စားပျော်ပါးနေစဉ် ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

Must read

စစ်တပ်က ရပ်ကွက်အတွင်းရှိ ပြည်သူ့နေအိမ် ၂ လုံးကိုမီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဧပြီ ၁၆

မကွေးတိုင်း၊ ရေစကြို့မြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ သင်္ကြန်ပွဲပြုလုပ်ကာ သောက်စား ပျော်ပါးနေသော စစ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း Myingyan Black Tiger တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဧပြီလ ၁၄ ရက် ညနေ ၄ နာရီ မိနစ် ၂၀ အချိန်ခန့်က ရေစကြိုမြို့ အထွေထွေအုပ်ချုပ်ရေး မှူးရုံး၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများသည် သင်္ကြန်ပွဲပြုလုပ်၍ သောက်စားပျော်ပါးနေ စဉ် ပြောက်ကျားနည်း ဗျူဟာသုံး၍ ၄၀ မမ၊ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“၄၀ မမနဲ့ ဆော်တာက မသေဘူး၊ သေနတ်နဲ့ ဝင်ပစ်တာက သေတာ၊ စစ်ခွေးတွေ မီးရှို့တဲ့ နေအိမ် ၂ လုံး ကတော့ ပြာကျသွားတယ်။ လူနေလား၊ မနေလားတော့ ကျနော်တို့လည်း မသိဘူး” ဟု Myingyan Black Tiger တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်သားများက အော်ဟစ်ဆဲဆိုကာ ရေစကြိုမြို့၊ ထင်း တန်းရပ်ကွက်နှင့် နဂါးရုံရပ်ကွက်မှ ပြည်သူ့နေအိမ်နှစ်လုံးကို မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Myingyan Black Tiger (MBT)တပ်ဖွဲ့ နှင့်အတူ YSO-TPG ပြောက်ကြား တပ်ဖွဲ့တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ မြို့ပြများကို ထိုးဖောက်ဝင်ရောက် တိုက်ခိုက်နိုင်ရန်အတွက် “မြို့ပြဆီသို့” ကမ်ပိန်းအား ပူးပေါင်းပါဝင်ကူညီပေးကြပါရန် Myingyan Black Tiger (MBT) တပ်ဖွဲ့ က ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ရေစကြိုမြို့ ထွေ/အုပ်ရုံ#သင်္ကြန်ပွဲလုပ် သောက်စားပျော်ပါးနေစဉ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article