■ ပထမအသုတ် ထွက်ပြေးခဲ့သော မြန်မာစစ်တပ်မှ စစ်ပြေး ၃၃၀ ဦးကို မြန်မာစစ်တပ်ထံသို့ ပြန်ပို့ခဲ့
ရန်ကုန်၊ ဧပြီ ၁၆
မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၅ ဦး ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးခဲ့ပြီး ၂ ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ ဦး ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းမီဒီယာများက သတင်းဖော်ပြသည်။
ဧပြီလ ၁၄ ရက်နေ့ ဘင်္ဂလားဒေ့ရှ်စံတော်ချိန် ည ၁၁ နာရီ ၃၀ မိနစ်အချိန်တွင် မြန်မာနယ်ခြားစောင့် တပ်ဖွဲ့ဝင် ၅ ဦးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်မှ ဒုတိယဗိုလ်မှူးကြီး Mohiuddin Ahmed က ပြောဆိုသည်။
မတ်လ ၃၀ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးကလည်းကောင်း၊ မတ်လ ၁၁ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇၇ ဦးကလည်းကောင်း အသီးသီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ထွက်ပြေး ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
ယခုနှစ်ဆန်းပိုင်း ပထမအသုတ်အဖြစ် မြန်မာစစ်ကောင်စီတပ်ဖွဲ့ဘက်မှ တပ်ဖွဲ့ဝင် ၃၃၀ ဦး ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ကြပြီး ၎င်းတို့အားလုံးကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ #ဘင်္ဂလားဒေ့ရှ်နိုင်ငံ #စစ်ကောင်စီတပ်ဖွဲ့ဝင် ဒုတိယအသုတ်
