34 C
Yangon

အင်းစိန်ကညနရုံး၊ ဖော့ကန်၊ လှိုင်သာယာမြို့မ ရဲစခန်းနှင့် ဗဟန်း အပါအဝင် ရန်ကုန်မြို့ နေရာ ၄ ခုတွင် ဗုံးပေါက်ကွဲမှုများဖြစ်ပွား

Must read

ရန်ကုန်၊ ဧပြီ ၁၇

ရန်ကုန်တိုင်း၊ အင်းစိန်ကညနရုံး၊ ဖော့ကန်ရပ်ကွက်၊ လှိုင်သာယာမြို့မ ရဲစခန်းနှင့် ဗဟန်းမြို့နယ် အပါအဝင် ရန်ကုန်မြို့ နေရာ ၄ ခုတွင် ယမန်နေ့နှင့် ယနေ့ နံနက်ပိုင်း ဗုံးပေါက်ကွဲမှုများဖြစ်ပွားကြောင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ၅ ထိပ်ရှိ အကြမ်းဖက်စစ်တပ်လက်အောက်ခံ လှိုင်သာယာမြို့မရဲ စခန်းအတွင်းသို့ လက်ပစ်ဗုံးဖြင့် ပစ်ခတ်ကာ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Dark Shadow UG တပ်ဖွဲ့မှ ရဲဘော်ပန်ဒါက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဧပြီလ ၁၆ ရက် ည ၇ နာရီ မိနစ် ၃၀ အချိန်ခန့က လှိုင်သာယာမြို့၊ ၅ ထိပ်ရှိ အကြမ်းဖက် စစ် တပ်လက်အောက်ခံ လှိုင်သာယာမြို့မရဲစခန်းအတွင်းသို့ Dark Shadow အဖွဲ့၏ “Urban Freedom” စစ်ဆင်ရေး အဖြစ် လက်ပစ်ဗုံးဖြင့် ပစ်ခတ်ကာ ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“လှိုင်သာယာ ရဲစခန်းထဲကို လက်ပစ်ဗုံး ပစ်သွင်းခဲ့တယ်။ ဗုံးကွဲတယ်” ဟု ရဲဘော်ပန်ဒါက ပြောဆိုသည်။
ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်လက်အောက်ခံရဲ၊ စစ်သား ထိခိုက်သေဆုံးမှု သိရှိခြင်း မရှိသေးဘဲ မစ်ရှင် ဆောင်ရွက်ခဲ့သော ပြည်သူ့ကာကွယ်ရေး ရဲဘော်များ နေရပ်သို့ ဘေးကင်းစွာဖြင့် ပြန်လည်ရောက် ရှိခဲ့ကြောင်း သိရသည်။

အလားတူ ယမန်နေ့ ဧပြီလ ၁၆ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်အချိန် ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ စစ်ကောင်စီ၏ စီးပွားရေးဒေါက်တိုင်ဖြစ်သော ကညန ကားလိုင်စင်ရုံးကို ဗုံးခွဲ တိုက်ခိုက်ခဲ့ကြောင်း Together Urban Force အဖွဲ့က ပြောဆိုသည်။

ထို့ပြင် ယနေ့ နံနက် ၈ နာရီ ၁၅ မိနစ်အချိန် ရန်ကုန်တိုင်းအင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်အနီးတွင် လည်းကောင်း၊ ယနေ့ နံနက် ၈ နာရီ ၁၅ မိနစ်အချိန် ဗဟန်းမြို့နယ်နှင့် ရန်ကင်းမြို့နယ်အစပ် ရန်ကုန်ပြည်ထဲရေးဝန်ကြီးဌာနရုံးတွင်လည်းကောင်း ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

“ရန်ကင်းစျေးနားကနေ ဗုံးကွဲသံတော့ ဒီမနက် ၈ နာရီလောက်က ကြားလိုက်ရတယ်။ အသံတော့ အတော်ကျယ်တယ်။ လူထိခိုက်မှုတော့မရှိလောက်ဘူး။ အသံမိုင်းထင်ပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဓာတ်ပုံ – ရန်ကုန်၊ သမိုင်းလမ်းဆုံတွင် လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ရန်ကုန်မြို့ နေရာ ၄ ခု #အင်းစိန်ကညနရုံး၊ #ဖော့ကန် #လှိုင်သာယာမြို့မ ရဲစခန်း #ဗဟန်း

ရန်ကုန်၊ သမိုင်းလမ်းဆုံတွင် လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article