30 C
Yangon

ဒလမြို့တွင် သင်္ကြန်ကာလ သီချင်းအကျယ်ကြီးဖွင့်မှုဖြင့် လူငယ် ၁ ဦးကို စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးနှင့် အပေါင်းပါများက သေလုမျောပါးဖြစ်သည်အထိ ၀ိုင်းရိုက်

Must read

ရန်ကုန်၊ ဧပြီ ၁၇

ရန်ကုန်တိုင်း ဒလမြို့ ကျောင်းစုရပ်ကွက်တွင် သင်္ကြန်တွင်း သီချင်းအကျယ်ကြီး ဖွင့်သည်ဟုဆိုကာ အကြမ်းဖက်စစ်တပ်ခန့် ကျောင်းစုရပ်ကွ့် အုပ်ချုပ်ရေးမှူး မင်းမင်းလတ်နှင့် အပေါင်းပါများက လူငယ် ၁ ဦး ကို သေလုမျောပါးဖြစ်သည်အထိ ဝိုင်းဝန်းရိုက်နှက်ခဲ့ကြကြောင်း ရပ်ကွက်နေ ပြည်သူများထံမှ သိရှိရသည်။

ဧပြီ ၁၃ ရက်နေ့ ညနေပိုင်းတွင် သီချင်း အကျယ်ကြီးဖွင့်သည်ဟုဆိုကာ ကျောင်းစုရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့မှ လှမင်းက သီချင်းဖွင့်သော အိမ်မှ အမျိုးသားတစ်ဦးကို ဓားဖြင့် ထိုးခဲ့ကြောင်း၊ ထို့ကြောင့် ယင်းအိမ်မှ လူငယ် ၁ ဦးက ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင် လှမင်းကို တုတ်ဖြင့် ပြန်လည် ရိုက်နှက်ကြောင်း၊ ထိုသို့ တုတ်ဖြင့် ရိုက်နှက်သူ လူငယ်ကို ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင် လှမင်းက ရပ်ကွက်ရုံးသို့ ခေါ်၍ အုပ်ချုပ်ရေးမှူး မင်းမင်းလတ်၊ လှမင်းနှင့် ကျော်ဦးတို့က သေလုမျောပါးဖြစ်သည်အထိ ရိုက်နှက်ခဲ့ကြကြောင်း သိရှိရသည်။

ညီအစ်ကို ၂ ဦး နေအိမ်သို့ သွားရောက်၍ အစ်ကို ဖြစ်သူကို ရန်ရှာ ဓားနှင့်ထိုး၍ ညီ ဖြစ်သူမှ တုတ်နှင့် ရိုက်သည်ကို ညီဖြစ်သူကို ရုံးခန်းသို့ ခေါ်၍ ဝိုင်းဝန်းရိုက်နှက်ခြင်း ဖြစ်ကြောင်း ရပ်ကွက်နေ ပြည်သူများက ပြောကြားသည်။

“သင်္ကြန်အကြိုနေ့ညနေပိုင်း ညီအစ်ကိုနှစ်ယောက်သီချင်းဖွင့်တာကို အုပ်ကြီးနောက်လိုက် လှမင်းက ညီအစ်ကို ၂ ယောက်ထဲက အစ်ကိုလုပ်သူကို ဓားနဲ့ခုတ်တယ်။ အဲဒီမှာ ညီလုပ်သူက လှမင်းကို တုတ်နဲ့ရိုက်လိုက်တာ။ အဲဒါကို လှမင်းက သူ့ကို တုတ်နဲ့ ရိုက်ရမလားဆိုပြီး ရိုက်တဲ့လူငယ်ကို ရုံးခန်းခေါ်ပြီး ဝိုင်းရိုက်တာ”ဟု ရပ်ကွက်နေ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ကျောင်းစု ရပ်ကွက်အုပ်ချုပ်ရေးမှူး မင်းမင်းလတ်နှင့် ကျော်ဦး၊ လှမင်း တို့ ၃ ဦးပေါင်း၍ အကြမ်းဖက်ရိုက်နှက်မှုကြောင့် လူငယ်မှာ တစ်ကိုယ်လုံးဒဏ်ရာ အပြည့်ဖြစ်ပြီးနေပြီး အသက်အန္တရာယ်စိုးရိမ်ရကြောင်း၊ အုပ်ချုပ်ရေမှူးနှင့်အဖွဲ့ ကို ရိုက်နှက်မှု၊ ဓားဖြင့် ထိုးမှုအတွက် ရဲစခန်းသို့ တိုင်ကြားခွင့်မရကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးနှင့် အပေါင်းပါများ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article