36 C
Yangon

ခမရ ၁၃ မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး နိုင်နိုင်ဝင်း အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့မှုမှာ KIA ကတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အတည်ပြု

Must read

ရန်ကုန်၊ ဧပြီ ၁၇

အကြမ်းဖက် စစ်ကောင်စီ၏ တပ်မ ၃၃ လက်အောက်ခံ ခမရ ၁၃ မှ တပ်ရင်း မှူး ဒုတိယဗိုလ်မှူးကြီး နိုင်နိုင်ဝင်း အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေ ဆုံးခဲ့မှုမှာ မြစ်ကြီးနား-နမ္မတီး အကြား အကဲရွာတွင် တပ်စွဲစဉ် KIA က ဝင်တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KIA မြေပြင်သတင်းရင်းမြစ်က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ အတည်ပြု ပြောဆိုသည်။

ဧပြီလ ၁၄ ရက်နေ့ မြစ်ကြီးနားမြို့နယ်၊ မြစ်ကြီးနား- နမ္မတီးအကြားရှိ အကဲရွာတွင် ခမရ ၁၃ စစ်ကြောင်းက ယာယီတပ်စွဲထားစဉ် KIA တပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုတွင် စစ်တက္ကသိုလ်အ ပတ်စဉ် ၄၅ ကျောင်းဆင်း ခမရ ၁၃ ၏ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး နိုင်နိုင်ဝင်း အပါ အဝင် စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း၊ စစ်သား ၈ ဦးဒဏ်ရာရရှိသွားကြောင်း သိရှိရသည်။

“ခမရ ၁၃ စစ်ကြောင်းက ဧပြီလ ၁၂ ရက်နေ့ကမှ မြောက်ပိုင်းတိုင်း စစ် ဌာနချုပ်ကနေ စထွက်သွားတာ။ ဆိုတော့ ၂ ရက်အကြာ တိုက်ခိုက်ခံရပြီး စစ်ကြောင်း ပျက်သွားတာ” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ခမရ ၁၃ သည် တပ်မ ၃၃ လက်အောက်ခံ တပ်ဖြစ်ပြီး စစ်ကိုင်းမြို့ အခြေစိုက် တပ်ရင်းတစ်ခုဖြစ်ကြောင်း၊ သေဆုံးသူ ဒုတိယဗိုလ်မှူးကြီး နိုင်နိုင်ဝင်းသည် အသက် ၄၂ နှစ်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး နိုင်နိုင်ဝင်း

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article