28 C
Yangon

ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းရွာတွင် ပျူစောထီးများ စုဝေး ရောက်ရှိနေစဉ် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပျူစောထီး ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၁၇

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းရွာတွင် ပျူစောထီးများ စုဝေး ရောက်ရှိနေစဉ် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ပျူစောထီး ၂ ဦးသေဆုံးခဲ့ကြောင်း ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၁၆ ရက်နေ့ နံနက် ၈ နာရီ ၂၀ မိနစ်ခန့်တွင် ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းပျူစောထီးကျေးရွာတွင် တည်သီးတောရွာ၊ မြင်းစီးရွာ၊ ကုတိုးဆိပ်ရွာမှ ပျူစောထီးခေါင်းဆောင်များနှင့် ပျူစောထီးများ စုဝေးရောက်ရှိနေစဉ် တော်လှန်ရေး တပ်ဖွဲ့များက Fixed Wings Drone ၂ စီး ၊ Multirotor Drone ၂ စီးဖြင့် ဗုံးသီး ၇ လုံးဖြင့် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း ညောင်ကိုင်း ပျူစောထီးရွာမှ ပျူစောထီး ထွန်းဝေ နှင့် ကွမ်တီညို ဆိုသူတို့ သေဆုံးခဲ့ပြီး တည်သီးတောပျူစောထီးရွာမှ ပျူစေထီး ၁ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ပျူစောထီးများက စက်ကလေးများဖြင့် ရမ်းသမ်းပစ်ခတ် ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရွှေဘို၊ Project Flight (Fight for Democracy) ဒရုန်းတပ်ဖွဲ့ ၊SHAR HTOO WAW နည်းပညာတပ်ဖွဲ့ Team6 Drop For Justice -DFJ ၊ မတစ်ထောင် (တစ်ကောင်ဘွား) – ဒီပဲယင်းအဖွဲ့၊ Young Ni – SHWEBO ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဗိုလ်ဂျပန်ကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Buffalo Soilders Freedom Force ၊ Magic Dragon တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်သူများကို ဒုက္ခအမျိုးမျိုးပေးနေသော စစ်သား၊ ရဲ နှင့် ပျူစောထီးများကို တိုက်ခိုက်မှုများ ထပ်မံ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဗိုလ်ကျားရိုင်း – ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article