32 C
Yangon

မြဝတီမြို့သို့ စစ်ကူ တက်လာသည့် စစ်တပ်ကို တော်လှန်ရေးတပ်များက ခုခံတိုက်ခိုက်မှု စစ်ကောင်စီတပ်ဘက်မှ စစ်သား ရာကျော် သေဆုံးပြီး သံချပ်ကာ ကားများ အပါအဝင် စစ်ကားတချို့ပျက်စီး၊ စစ်ကူစစ်ကြောင်း ဒေါနတောင် ခြေတွင် ရပ်တန့်နေ

Must read

ရန်ကုန်၊ ဧပြီ ၁၈

ကရင်ပြည်နယ်၊ မြဝတီမြို့သို့ ထိုးစစ်ဆင်လာသော စစ်တပ်ကို ခုခံတိုက်ခိုက်ခဲ့ရာုစစ်သား အင်အား ရာကျော်သေဆုံးခဲ့ပြီး သံချပ်ကာ ယာဉ်များအပါအဝင် စစ်ကားအချို့ပျက်စီးကာ စစ်ကူစစ်ကြောင်းက ဒေါနတောင်ခြေတွင် ရပ်တန့်နေကြောင်း KNU ဗဟိုက တရားဝင်ထုတ်ပြန်သည်။

ဧပြီလ ၁၁ ရက်နေ့တွင် မြဝတီမြို့၏ နောက်ဆုံးကျန်ရှိနေသော ခလရ ၂၇၅ တပ်ရင်းကို KNLA ၊ KNDO နှင့် PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်များက မြဝတီမြို့ကို ပြန်လည်ရရှိရန် “အောင်ဇေယျ” အမည်ဖြင့် စစ်ဆင်ရေးတစ်ရပ်ကို ဖော်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ထိုးစစ်ဆင်လာသော အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မ တော် (K.N.L.A) က ဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့မှ ၎င်းတို့ လာရာလမ်းတစ်လျှောက်တွင် အ ဆက် မပြတ် ဖြတ်တောက် တိုက်ခိုက်ခြင်းများအား ပြုလုပ်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ရာ ကျော် ထိခိုက်သေဆုံးပြီး သံချပ်ကာယာဉ်အပါအဝင် စစ်ကားတချို့ပျက်စီးခဲ့ကြောင်း၊ စစ်ကူစစ်ကြောင်းက ရှေ့သို့ဆက် မတက်နိုင်ဘဲ ဒေါန တောင်တန်း အနောက်ဖက် တောင်ခြေတွင်သာ ရပ်တန့်သွားကြောင်း သိရ သည်။

ယင်းအကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ၎င်းတို့ လာရာလမ်း တစ် လျှောက်ရှိ စစ်ရေး ပစ်မှတ်မဟုတ်သော အရပ် သားများနေထိုင်ရာ နေရာဒေ သ များကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းတို့ လုပ်ဆောင်ခဲ့သဖြင့် အပြစ်မဲ့ အရပ်သားပြည်သူ လူထုများ ထိ ခိုက် သေ ဆုံး ဒဏ်ရာရရှိခဲ့ခြင်းများရှိသည့်အပြင် ပြည်သူ လူထုများ ပိုင်ဆိုင်သော ပစ္စည်း ဥစ္စာများ လည်း ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။

ဓာတ်ပုံ − တော်လှန်ရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်ဖျက်ဆီးခဲ့သော အာဏာ သိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ ယာဉ်များ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #မြဝတီမြို့သို့ စစ်ကူ #တော်လှန်ရေးတပ်များက ခုခံတိုက်ခိုက် #စစ်သား ရာကျော် သေဆုံး #ဒေါနတောင် ခြေတွင် ရပ်တန့်

တော်လှန်ရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်ဖျက်ဆီးခဲ့သော အာဏာ သိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ ယာဉ်များ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article