32 C
Yangon

ဘူးသီးတောင်တွင် စစ်တပ်က မြို့ပေါ်တွင် မီးရှို့မှုများ လုပ်ဆောင်နေဟုဆို ( Edited Version )

Must read

ဘူးသီးတောင်တွင် စစ်တပ်က မြို့ပေါ်တွင် မီးရှို့မှုများ လုပ်ဆောင်နေဟုဆို

ရန်ကုန်၊ ဧပြီ ၁၈ ရခိုင်ပြည်၊ ဘူးသီးတောင်မြို့ပေါ် တွင် စစ်တပ်က မြို့ပေါ်တွင် မီးရှို့မှုများ လုပ် ဆောင်နေကြောင်း ဒေသပြည်သူများနှင့် ဒေသသတင်းရင်းမြစ်များက ပြောဆိုကြသည်။ဧပြီလ ၁၁ ရက်နေ့မှစတင်ပြီး ဘူးသီးတောင်မြို့ပေါ်တွင် စစ်တပ်က ဖောက် ထွင်းမှုများ လုပ်ဆောင်လာကြောင်း၊ ဧပြီလ ၁၂ ရက်နေ့ အကြမ်းဖက်မှုများ လုပ်ဆောင်လာပြီး မြို့ပေါ်တွင်လည်း ရခိုင်တိုင်းရင်းသားနေအိမ်တချို့နှင့် နယ်စည်းမခြားဆရာဝန်များအဖွဲ့ MSF ၏ ဆေးခန်းကို ဧပြီလ ၁၅ ရက်နေ့တွင် မီးတင်ရှို့လိုက်ကြောင်း ၊ လက်ရှိတွင် ဒေသပြည်သူထောင်ချီ၍ ထွက်ပြေး တိမ်း ရှောင်နေရကြောင်း သိရှိရသည်။ “စစ်ကောင်စီက မြို့ပေါ်မှာ မီးရှို့တာတွေလည်း လုပ်နေတယ်။ ကျနော်တို့က တော့ အခု ပြေးနေရပြီ။ သူတို့ကို စစ်တပ်က မြှောက်ပေးထားတာ။ စစ်တပ်က မြို့ကို လက်လွှတ်ရတော့မှာဆိုတော့ အခု ဘာသာမရွေး၊ လူမျိုးမရွေး အကုန်ပြေးရတာ။ တမင်ကြီးကို အကြမ်းဖက်ခံနေရတာ” ဟု ဘူးသီးတောင်မှ မွတ်စ လင်ပြည်သူတစ်ဦးက ပြောဆိုသည်။စစ်တပ်က ၎င်းတို့ လက်လွှတ်တော့ရမည့် ရခိုင်ပြည်တွင် ပဋိပက္ခနှင့် လူမျိုး ရေး အဓိက ရုဏ်းများ ဖြစ်ပွားစေရန် စနစ်တကျ လှုံ့ဆော်နေကြောင်း ဘူးသီးတောင် ဒေသပြည်သူများက သုံးသပ်ကြသည်။မြန်မာနိုင်ငံ အခြေစိုက် နယ်စည်းမခြားဆရာဝန်များ အဖွဲ့ကလည်း ဧပြီလ ၁၂ ရက်နေ့ သောကြာနေ့မှစ၍ ဘူးသီးတောင်မြို့နယ်အတွင်း ပဋိပက္ခဖြစ်ပွားမှုများ မြင့်တက်လာနေပြီး MSF ရုံးခန်း မီးရှို့ခံရမှုကြောင့် ပျက်စီးခဲ့ကြောင်း၊ မြို့ပေါ်တွင် နေအိမ် ၂၀၀ ကျော် မီးလောင်ကျွမ်းခဲ့ပြီး နယ်စည်းမခြား ဆရာဝန်များအဖွဲ့ ရုံးတည်ရှိရာနေရာနှင့် အနီးတစ်ဝိုက်နေရာများတွင် အကြမ်းဖက်မှုများကြောင့် ထောင်နှင့်ချီသော အိုးအိမ်စွန့်ခွာထွက်ပြေးလာသူများကို တွေ့မြင်နေရကြောင်း ယမန်နေ့ တရားဝင် သတင်းထုတ် ပြန်သည်။ ဓာတ်ပုံ- ဘူးသီးတောင်တွင် မီးရှို့ဖျက်ဆီးခံရသော MSF ၏ ရုံးနှင့် ဆေးခန်း။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #စစ်တပ်က စစ်သင်တန်းပေး #ARSA နှင့် ARA အဖွဲ့က ပြည်သူထောင်ချီကို ဓားစာခံလုပ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article