36 C
Yangon

မုံရွာမြို့နယ်၊ တောပုရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု ၃ ဦးသေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၁၉

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာမှ ထွက်လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီး ၃ ဦးသေဆုံးခဲ့ကြောင်း People’s Defense Force – South Monywa တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ဧပြီလ ၁၅ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်အချိန်ခန့်က မုံရွာမြို့နယ်၊ တောပုရွာမှ ထွက်လာသော အ ကြမ်းဖက်စစ်သား၊ ပျူစောထီး ၁၅ ဦးခန့်ကို တောပုရွာအရှေ့တောင်ဘက် တစ်နေရာ အရောက် ပြည် သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က အသင့်စောင့်ကြို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူ စောထီး ၃ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“၃ ကောင်သေပြီး အများအပြား ဒဏ်ရာရတယ်လို့ တိကျခိုင်မာတဲ့ မြေပြင်သတင်းအချက်အလက်က နေသိရပါတယ်။ စစ်ခွေးတွေ အထိနာတော့ တောပုရွာထဲကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့ပါ တယ်။ ကျနော်တို့ တပ်ဖွဲ့ဝင်တွေအထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့ပါတယ်” ဟု People’s Defense Force – South Monywa တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အဆိုပါ တိုက်ခိုက်မှု မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်းဖြစ်သော People’s Defense Force – South Monywa တပ်ခွဲ ၁မုံရွာခရိုင်တပ်ရင်း ၁၁ ၊ တပ်ခွဲ ၃ ၊ တပ်စု ၂ Youth Vigor Revolution Force မုံရွာခရိုင်တပ်ရင်း ၂၄ ၊ တပ်ခွဲ ၂ တပ်ခွဲ ၄ ၊ မုံရွာခရိုင်တပ်ရင်း ၂၇ ၊ တပ်ခွဲ ၃ နှင့် ကနောင်မင်းသားကြီး တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article