37 C
Yangon

ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးရှိ စစ်ကောင်စီ၏ ဗျူဟာစစ်စခန်းနှင့် တပ်ရင်း ၂ ခုကို တော်လှန်ရေးတပ်များ ဝင်တိုက်ခိုက်၊ စစ်တပ်က လေယာဉ်များဖြင့် ဗုံးကျဲပစ်ခတ်နေ၍ ပြည်သူများ ထွက်ပြေးနေရ

Must read

ရန်ကုန်၊ ဧပြီ ၁၉

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးတွင် တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုနှင့် စစ်ကောင်စီတပ်များ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်လျက်ရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်း စစ်ဒေသမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၁၉ ရက်နေ့ နံနက် ၅ နာရီကျော်အချိန်မှစတင်၍ ကျုံဒိုးမြို့ပတ်ဝန်းကျင်တွင် တိုက်ပွဲများ စတင်ခြင်းဖြစ်ပြီး KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက စစ်ကောင်စီ၏ ဗျူဟာစခန်း ၁ ခု နှင့် တပ်ရင်း ၂ ခုကို တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

“စစ်တပ်ရဲ့ ဗျူဟာစခန်းနဲ့ ခမရ ၅၄၅ နဲ့ ခမရ ၅၄၆ ကိုတစ်ပြိုင်နက်တည်း ဝင်တိုက်နေတာပါ။ အဖွဲ့ပူးပေါင်းအစုံပဲ ဝင်တိုက်နေတာ” ဟု တောင်ပိုင်းတိုင်းစစ်ဒေသမှ တာဝန်ရှိသူက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က အထိနာနေသဖြင့် လေကြောင်းပစ်ကူကို အဓိက သုံးနေပြီး တိုက်လေယာဉ်များဖြင့် ပေါင် ၅၀၀ ဗုံးများကို ကျုံဒိုးမြို့အနီးသို့ ကျဲချနေကြောင်း၊ ကျုံဒိုးမြို့ပတ်ဝန်းကျင်မှ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

“လေယာဉ်တွေ တစ်ချိန်လုံးတက်နေတာနဲ့ တိုက်ပွဲ ဖြစ်တာက လက်နက်အကြီး အသေး အသံတွေ အကုန်ကြားနေရလို့ ပြည်သူတွေလည်း ကျည်လွတ်ရာကို အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပြေးရတာပဲ” ဟု ကျုံဒိုးမြို့မှ ပြည်သူတစ်ဦးက ရှင်းပြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ကော့ကရိတ်မြို့နယ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article