28 C
Yangon

Safe House -Yangon သင်္ကြန်ပွဲ တက်ရောက်သူများ ပွဲဝင်ခွင့် လက်ပတ်ကြောင့် အရေပြား ဆိုးဆိုးဝါးဝါး ထိခိုက်

Must read

ပွဲစီစဉ်သူသည် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမီး၏ သူငယ်ချင်း ဖြစ်သူ Boycott စာရင်းဝင် ဂျူးချစ်သင်ဇာ ဖြစ်

ရန်ကုန်၊ ဧပြီ ၁၉

ရန်ကုန်မြို့ Sedona Hotel Yangon ၏ Safe House-Yangon တွင် စီစဉ်သည့် သင်္ကြန်ရက်ပွဲတွင် ပွဲဝင်ခွင့် လက်ပတ်ကြောင့် ပွဲလာသူအချို့၏ လက်တွင် အရေပြားကွာကျလောင်ကျွမ်းသည်အထိ ဆိုးဆိုးဝါးဝါး ထိခိုက်ခဲ့ကြောင်း ရန်ကုန်ခေတ်သစ် မီဒီယာ၏ သတင်းရင်းမြစ်များက ပြောဆိုသည်။

အဆိုပါ Safe House -Yangon သင်္ကြန်ပွဲကို စီစဉ်သူသည် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမီးနှင့် သူငယ်ချင်း စီးပွားဖက်ဖြစ်သည့် Boycott စာရင်းဝင် ဂျူးချစ်သင်ဇာ တို့ ဦးစီးခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်ထံမှ သိရှိရသည်။

“Sedona hotel yangon မှာ Safe House ဆို တဲ့ ပွဲ စီစဉ်တဲ့ သူဟာ အရင်ထဲ က Boycott list ထဲ မှာ ပါတဲ့ လင်မယား ပါ။ ဂျူးချစ်သင်ဇာ ဆို တဲ့ သူက မအလ သမီးနဲ့ သူငယ်ချင်း သူ့ အဖေ ကလည်း အရင် စစ်ဗိုလ်အရာရှိထဲကပါ။ အခု တော့ အငြိမ်းစား Sedona hotel yangon ( Safe House ) ပွဲ သွားတဲ့ သူ တော်တော်များများ လက်မှာ ယားနာတွေ ဖြစ်နေကြပါတယ်”ဟု သတင်းရင်းမြစ်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဂျူးချစ်သင်ဇာနှင့် သစ်မင်းဆွေတို့ လင်မယား၏ Hi So Heaven Bar ၊ Bar Dubai ၊ Curvy Waist Trainer ၊ In Time Delivery Service ၊ Mask Culture Entertainment,Mdy က The Flash ၊ Safe House Club ၊ Bass Kingdom ၊ Fullmoon Festival စသည့် စီးပွားရေးများကို လုပ်ဆောင်နေပြီး အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမီး ဖြစ်သူသည် ၎င်းတို့၏ လုပ်ငန်းများတွင် အဓိက ရှယ်ယာရှင်အဖြစ် ပါဝင်နေကြောင်း သတင်းရင်းမြစ်ထံမှ သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article