28 C
Yangon

တောင်ငူ-လိပ်သို-သံတောင် လမ်းပိုင်းရှိ စစ်တပ်စခန်း ၂ ခုကို စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၁၉

ပဲခူးတိုင်းနှင့် ကရင်ပြည်နယ် အစပ်ရှိ တောင်ငူ-လိပ်သို-သံတောင် လမ်းပိုင်းတွင် တပ်စွဲထားသော စစ်တပ်စခန်း ၂ ခုကို စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း People Defence Force – Thandaung အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်တွင် တောင်ငူ-လိပ်သို လမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ်၏ ကျောက်လုံးကြီး စခန်းကို စနိုက်ပါ ဖြင့်သွားရောက် ပစ်ခတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဧပြီလ ၁၇ ရက်နေ့ နံနက် ၆ နာရီ ၂၅ မိနစ်ခန့်တွင် တောင်ငူ-သံတောင် လမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ်၏ ၇ မိုင်စခန်းကုန်းကို စနိုက်ပါဖြင့် ထပ်မံ သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ တပ်ကြပ်ကြီး ၂ ဦးအပါအဝင် ၃ ဦး သေဆုံးပြီး တပ်ခွဲမှူး ၁ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

“စနိုက်ပါနဲ့ တိုက်ခိုက်မှု ၂ ကြိမ်မှာ စစ်ခွေး ၄ ကောင်ပါတယ်။ ကျွန်တော်တို့ တခြား တိုက်ခိုက်မှုတွေလည်း လုပ်ဆောင်ထားပါတယ်။ စစ်ခွေးတွေ ထိခိုက်သေဆုံးမှု အခြေအနေ အသေးစိတ်ကို စုံစမ်းနေပါတယ်” ဟု People Defence Force – Thandaung အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို People Defence Force Thandaung (တောင်ငူခရိုင်တပ်မဟာ ၂ ၊တပ်ရင်း၅ လက်အောက်ခံ) အဖွဲ့၏ စနိုက်ပါ တပ်သာများက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Photo – စနိုက်ပါ ပစ်ခတ်မှု လေ့ကျင့်နေသော တော်လှန်ရေး တပ်ဖွဲ့ဝင်များ (ပုံအဟောင်းဖြစ်သည်)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #တောင်ငူ-လိပ်သို-သံတောင် လမ်းပိုင်း

စနိုက်ပါ ပစ်ခတ်မှု လေ့ကျင့်နေသော တော်လှန်ရေး တပ်ဖွဲ့ဝင်များ (ပုံအဟောင်းဖြစ်သည်)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article