25 C
Yangon

မုံရွာမြို့နယ်၊တောပုရွာပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံး၊ မြင်းမူတွင် ဆက်ကြေးကောက်နေသော စစ်သားများကို RPG ဖြင့် ပစ်ခတ်တိုက်ခိုက်

Must read

ရန်ကုန်၊ ဧပြီ ၂၂

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရါာ ပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူစောထီး ၂ ဦးသေဆုံးခဲ့ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့ – MSPDF တပ်ဖွဲ့ မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လွင်ဂူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဧပြီလ ၁၈ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၃၀ အချိန်မှ ညနေ ၄ နာရီအထိ မုံရွာမြို့နယ် တောပု ကျေးရွာ အတွင်းရှိ ပျူစောထီးစခန်းကို “Shar Htoo WAW” နည်းပညာ တိုက်ခိုက်ရေး Fixed Wings Drone များဖြင့် “Air Bomb” ၁၀ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦး၊ ပျူစောထီး ၁ ဦး‌သေ ဆုံးပြီး ၉ ဦးထိခိုက်ဒဏ်ရာရရှိကာ ကား ၃ စီးဖြင့် မုံရွာ နမခတပ်အတွင်းသို့ သယ်ဆောင်သွား ကြောင်း ထို့အပြင် အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီးများနေထိုင်ရာ အဆောက်အအုံ ၃ လုံးလည်း မီးလောင် ပြာကျခဲ့ကြောင်း သိရသည်။

“သေတာက စစ်ခွေးရယ်၊ ပျူရယ်၊ သေတာ၊ နေအိမ်တွေလည်း ပြာကျသွားတယ်၊ မုံရွာပို့လိုက်တဲ့ ဒဏ်ရာရသူတွေထဲကလည်း ထပ်တိုးသေနိုင်တာရှိတယ်၊ စစ်ခွေးတွေ အထိအခိုက်များတော့ လက်နက်ကြီးတွေနဲ့ တော်တော်ပြန်ပစ်တယ်။ တစ်လုံးဆိုရင် ရဲဘော်တွေနား ကပ်ကျတာ။ အထိ အခိုက်တော့ မရှိပါဘူး” ဟု မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့ – MSPDF တပ်ဖွဲ့ မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လွင်ဂူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေး အထူးတပ်ဖွဲ့-MSPDF/MSDFနှင့် ညီ နောင်မဟာမိတ်တပ်ဖွဲများ ဖြစ်ကြသော စစ်ကိုင်းခရိုင် Drone တပ်ဖွဲ့၊ မုံရွာခရိုင်အမှတ် ၁၂ တပ်ရင်း-တပ်ခွဲ ၂ ၊ URBAN HUNTER FORCE (UHF) ၊ SHINING STARS ၊ Meikhtila Special Force နှင့် မြင်းခြံ ခရိုင်အမှတ် ၈ တပ်ရင်း-NRDF တို့ ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ မြင်းမူမြို့နယ်၊ မြင်းမူမြို့နှင့်ဝမ်းပြည့်ကျေးရွာကြား၌ ဆက်ကြေးကောက်နေသော အကြမ်းဖက်စစ်သားများကို RPG ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Zayar Shwe Myay PDF တပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၁ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၂၈ မိနစ်ခန့်အချိန် မြင်းမူမြို့မှ Light Truck အဖြူရောင်ယာဉ်တစ်စီး ဖြင့် ထွက်လာသော အကြမ်းဖက်စစ်သားများသည် မုံရွာ-မန္တလေး ကားလမ်းမပေါ် မြင်းမူမြို့နှင့်ဝမ်း ပြည့် ကျေးရွားကြား MK ဆီဆိုင်အတွင်း ကင်းပုန်းဝပ်ကာ ခရီးသွားပြည်သူများကို ဆက်ကြေး ကောက်နေစဉ် RPG ဖြင့်ပစ်ခတ်တိုက်ခိုက်ပြီးနောက် လက်နက်ငယ်များဖြင့် ဝိုင်းပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း၊ ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Zayar Shwe Myay People Defense Force (Local) Battalion ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့နှင့် Dog Dillers People Defense Force (Local) ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တို့ပူပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article