36 C
Yangon

သံတွဲနှင့် တောင်ကုတ် နယ်အစပ်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က ဒေါ်မြရွာဟောင်းကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

သံတွဲနှင့် တောင်ကုတ် နယ်အစပ်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က ဒေါ်မြရွာဟောင်းကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဧပြီ ၂၂

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်နှင့် တောင်ကုတ်မြို့နယ် အစပ်တွင် အကြမ်းဖက် စစ်တပ်နှင့် ရခိုင်တပ်တော်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က ဒေါ်မြရွာဟောင်းကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၂၂ ရက်နေ့ မွန်းလွဲပိုင်းက စတင်ကာ သံတွဲမြို့နယ်နှင့် တောင်ကုတ်မြို့နယ် အစပ်ရှိပြီး ရေကောက်ရွာသစ် အနီးတွင် အကြမ်းဖက် စစ်တပ်နှင့် ရခိုင်တပ်တော် တို့ ထိ‌တွေ့တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက် စစ်တပ်က မွန်းလွဲ ၁၂ နာရီကျော်ခန့်တွင် ဒေါ်မြရွာဟောင်း ဘက်ကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ဒီနေ့ မွန်းလွဲ ၁၂ နာရီလောက်က သံတွဲမြို့နယ် ရွှေလှေတံတားအကျော် မှာရှိတဲ့ ဒေါ်မြရွာဟောင်းဘက်ကို စစ်ခွေးတွေက ဂျက်လေယာဉ်နဲ့ လာရောက်ဗုံးကျဲသွားတယ်။ စစ်ခွေးတွေ ဗုံးကျဲ သွားပြီး နောက် ၁ နာရီလောက်မှာ ရေကောက်ရွာသစ်ဘက်အခြမ်း ကနေ ပစ်ခတ်သံတွေ ဆက်တိုက်ဖြစ်လာတာပဲ အပြန်အလှန်ပစ်နေကျတာ” ဟု ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

လက်ရှိ ၄ နာရီအထိ ရေကောက်ရွာသစ် ဘက်မှ လက်နက်ကြီး ပေါက်ကွဲသံများ ကြားနေရဖြစ်ပြီး တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ကြောင်း ဒေသပြည်သူများက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article