28 C
Yangon

မိုးမောက်မြို့ပေါ်ရှိ လူနေရပ်ကွက်ကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၄ ဦးသေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၂၃

ကချင်ပြည်နယ်၊ မိုးမောက်မြို့ ပေါ်ရှိ လူနေရပ်ကွက်များကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲချသဖြင့် ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့​ ပြောဆိုကြသည်။

ယမန်နေ့ ဧပြီလ ၂၂ ရက်နေ့ နံနက်ပိုင်းမှ မွန်းလွဲ ၁ နာရီဝန်းကျင်အချိန် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်များ မိုးမောက်မြို့ပေါ် ခါနန်ရပ်ကွက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထိုသို့ ဖြစ်ပွားချိန်တွင် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲချသဖြင့် လူနေရပ်ကွက်များအတွင်း ပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ခရစ်ယာန်ဘုရားရှိကျောင်းရှေ့တွင်လည်း ဗုံးများပေါက်ကွဲခဲ့ပြီး လူနေအိမ်တ ချို့လည်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“မနေ့ မနက်ပိုင်းကနေ မွန်းလွဲ ၁ နာရီခွဲလောက် မိုးမောက်မြို့ပေါ် ခါနန်ရပ်ကွက်မှာ တိုက်ပွဲဖြစ်တယ်။ အဲဒါ တိုက်လေယာဉ်နဲ့ ဗုံးလာကျဲတယ်။ တိုက်ပွဲဖြစ်တဲ့နေရာရော ပတ်ဝန်း ကျင်နေရာတွေကိုရော ဗုံးကျဲချတာ အရပ်သား ၄ ဦး ပွဲချင်းပြီး သေဆုံးတယ်။ ဘုရားကျောင်းရှေ့ ဗုံးပေါက်ကွဲတာမှာ အိမ်တချို့ မီးလောင်ပျက်စီးမှုရှိတယ်။ ဒဏ်ရာရသူတွေလည်းရှိပါတယ်။ ပြည်သူတွေကတော့ စစ်ဘေးလွတ်ရာ ပြေးနေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် စစ်ကောင်စီနှင့် KIA ဦးဆောင်သော တော်လှန်ရေးတပ်များအကြား စစ်ရေး အခြေအနေ တင်းမာနေပြီး မိုးမောက်မြို့သိမ်းတိုက်ပွဲ ဖြစ်ပေါ်လာဖွယ်ရှိနေကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #မိုးမောက်မြို့ #တိုက်လေယာဉ်ဖြင့် ဗုံးကျဲ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article