28 C
Yangon

ပေါက်မြို့နယ်တွင် စစ်ကြောင်း တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ဖလံကိုင်း ရဲစခန်းနှင့် ကျောက်တိုင်ခင် ကျေးရွာကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ ပြည်သူများ ထိခိုက်မှုရှိပြီး နေအိမ်များလည်း ပျက်စီး

Must read

ရန်ကုန်၊ ဧပြီ ၂၃

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် အကြမ်ဖက် စစ်တပ် စစ်ကြောင်း တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ဖလံကိုင်း ရဲစခန်းနှင့် ကျောက်တိုင်ခင် ကျေးရွာကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ပြည်သူများ ထိခိုက်မှုရှိကာ နေအိမ်များလည်း ပျက်စီးခဲ့ကြောင်း ဒေသနေပြည်သူများ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဧပြီလ ၂၃ ရက်နေ့ မွန်းလွဲပိုင်းတွင် ပေါက်မြို့နယ် မြောက်ပိုင်းရှိ ဖလံကိုင်းနယ်မြေရဲစခန်းနှင့် အနီးရှိ ကျောက်တိုင်ခင်ကျေးရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးသီး ၅ လုံးထက်မနည်းကျဲချပြီး စက်သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူများ ထိခိုက်မှုရှိပြီး နေအိမ်များလည်း ပျက်စီးမှုရှိကြောင်းသိရသည်။

ထို့ပြင် ကပစ ၂၅ မှ တက်လာသည့် Mi 35 ရဟတ်ယာဉ်ကလည်း ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ဖလံကိုင်း ရဲစခန်း အနီးရှိ ကျေးရွာများမှ ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး ထိခိုက်ပျက်စီးမှု အခြေအနေကို အတိအကျ အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

“တိုက်ပွဲလည်းမဖြစ်ဘူး၊ တံတားဦးလေတပ်၊ မိတ္ထီလာလေတပ်ကနေတက်လာပြီးတော့ ဗုံးသီး ၅ လုံး ထက်မနည်းကို ကျဲချသွားတာ၊ စက်သေနတ်နဲ့လည်းပစ်သွားတယ်။ ၃ ခေါက်လာကျဲသွားတာ။ ပြီး ကပစ ၂၅ က တက်လာတဲ့ Mi 35 ကလည်း တစ်ခေါက်လာတယ်။ ထိခိုက်မှုတော့ ရှိတယ်လို့ကြား တယ်။ အတိအကျတော့မသိရသေးဘူး၊ တိုက်ပွဲမရှိပဲနဲ့ ရည်ရွယ်ချက်ရှိရှိ လာကျဲသွားတာပါ၊ လေ ယာဉ်တွေက အနောကဘက်ကို ဆက်တက်နေတယ်” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန် ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ ဖလံကိုင်းနယ်မြေရဲစခန်းရှိ အကြမ်းဖက် စစ်သားနှင့် ရဲများသည် ဧပြီလ ၁၈ ရက်နေ့က မြိုင်မြို့မှ ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် အတူ စခန်းစွန့်သွားခြင်းဖြစ်ပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ၏ လိုက်လံတိုက်ခိုက်ခြင်းကြောင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုများပြားခဲ့ကြောင်း၊ လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြိုင်မြို့နယ်အတွင်းသို့ ရောက်ရှိသွားပြီ ဖြစ် ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article