35 C
Yangon

ထိုင်းဒုဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးတို့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့သို့ လာရောက်ပြီး လုံခြုံရေး အခြေအနေများကို ကြီးကြပ်စစ်ဆေး

Must read

ရန်ကုန်၊ ဧပြီ ၂၃

ထိုင်းဒုဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီး Mr. Panpree Phitthanukornသည် ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးတို့နှင့်အတူ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့သို့ ယနေ့ မွန်းလွဲပိုင်းတွင် ရောက်ရှိလာပြီး ထိုင်း-မြန်မာနယ်စပ်အခြေအနေများကို လာရောက် ကြီးကြပ်စစ်ဆေးကြောင်း ထိုင်းသတင်းမီဒီယာများက သတင်းဖော်ပြသည်။

မူလက ထိုင်းဝန်ကြီးချုပ် Mr. Settha Thavisin လာရောက်ရန် စီစဉ်ခဲ့သော်လည်း ၎င်း၏ ကိုယ်စား ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီး Mr. Panpree Phitthanukorn၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး Mr. Anutin Charnvirakul ၊ ကာကွယ်ရေး ဝန်ကြီး Mr. Suthin Khlangsaeng တို့နှင့်အတူ တာ့ခ်ခရိုင် မဲဆောက် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ယနေ့ မွန်းလွဲပိုင်း ထိုင်းစံတော်ချိန် ၃ နာရီ ၂၀ မိနစ်တွင် ရောက်ရှိလာကြောင်း သိရှိရသည်။

ထိုင်းဒုဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးက မြန်မာဘက်မှ ဖြစ်ပေါ်နေသော တိုက်ပွဲများကြောင့် နယ်စပ် ဒေသ လုံခြုံရေး တိုးမြှင့်ထားမှု အခြေအနေများ၊ ကုန်သွယ်ရေး၊ စီးပွားရေးနှင့် စစ်ဘေးရှောင် ဒုက္ခသည်များဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြမည်ဖြစ်ပြီး ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် ၁ သို့ သွားရောက်မည်ဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article