32 C
Yangon

ရေဦးမြို့နယ်၊ နှောကုန်းရွာ ဆွမ်းလောင်းပွဲကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ် ခတ်၊ လောင်းလုံးမြို့ က ရပ်ကွက်ကို စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၂၇

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ နှောကုန်းရွာ ဆွမ်းလောင်းပွဲကို အကြမ်းဖက် စစ် တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ဆွမ်းလောင်းပွဲ ပျက်သွားကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၃ ရက်နေ့က ရေဦးမြို့ပေါ် တိုင်းရင်းဆေးရုံ အတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ၈၁ မမ လက်နက်ကြီးများဖြင့် နှောကုန်းရွာ ဆွမ်းလောင်းပွဲကို အကြောင်းမဲ့ ပစ်ခတ်ခဲ့ခြင်းကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် လက်နက်ကြီး ကျရောက် ပေါက်ကွဲခြင်းကြောင့် ဆွမ်းလောင်းပွဲ ပျက်သွားပြီး ပြည်သူများထိခိုက်ဒဏ်ရာရရှိမှု မရှိသော်လည်း‌ နေအိမ် တချို့ ပျက်ဆီးခဲ့ကြောင်း သိရှိရသည်။

“ဧပြီလ ၂၃ ရက်နေ့က ရေဦးမြို့ပေါ် တိုင်းရင်းဆေးရုံးအတွင်းက အကြမ်းဖက် စစ်ခွေးတွေက ၈၁ မမ လက်နက်ကြီးတွေနဲ့ နှောကုန်ရွာကို အကြောင်းမဲ့ ပစ်ခတ်ခဲ့တာပါ။ ရေဦး အနောက်ခြမ်း နှောကုန်းရွာမှာ နှစ်စဉ် ကျင်းပပြုနေတဲ့ ဆွမ်းလောင်းပွဲကို ပစ်ခတ်ခဲ့တာ ပြည်သူတွေ ထိခိုက်မှုကတော့ မရှိပါဘူး။ လက်နက်ကြီးကျကွဲတဲ့အချိန် အိမ်ရှင်တွေ အိမ်ထဲရှိနေကြပေမယ့် ထိခိုက်မှုကတော့ မရှိပါဘူး။ စပါး တိုက်နားမှာ ကျရောက်ပေါက်ကွဲခဲ့တာပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် အကြမ်းဖက် စစ်ကောာင်စီ တပ်သားများသည် ရေဦးမြို့ပေါ်၌ လူ အင်အားနှင့် လက်နက်များ ဖြည့်တင်းနေပြီး Mi-17 ရဟတ်ယာဥ်ဖြင့် ၈၁ မမ လက်နက်ကြီးကျည်များ ထည့်ထားသည့် သေတ္တာအရှည် ၅ လုံး လာရောက် ပို့ဆောင်သွားကြောင်း သိရသည်။

အလားတူ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ က ရပ်ကွက်၊ ထိန်သစ်လမ်းကို အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲမှု ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း လောင်းလုံး PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၆ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် လောင်းလုံးမြို့ပေါ်ရှိ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံး၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူများနေထိုင်သည့် ရပ်ကွက်များကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် က ရပ်ကွက်၊ ထိန်သစ်လမ်းကို လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၇၅ နှစ် အရွယ် ဒေါ်ခင်အေး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

“တိုက်ပွဲမဖြစ်ဘဲ စစ်ခွေးတွေက အဲ့လို အမြဲ ရမ်းပစ်နေတာ အရင်က စခတွေ လက်နက်ကြီးပစ်တိုင်း သူ့ အိမ်အနားပဲ ကျနေလို့ အခု သူ့သမီးအိမ်မှာ သွားနေနေတုန်း လက်နက်ကြီးထိပြီး ပွဲချင်းပြီး ဆုံးသွားတာ” ဟု လောင်းလုံး PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article