35 C
Yangon

ကျောင်းသားလက်ရုံးတပ်တော် ၃ နှစ်ပြည့် တပ်‌တော်နေ့ အခမ်းအနား ကျင်းပ

Must read

ကျောင်းသားလက်ရုံးတပ်တော် ၃ နှစ်ပြည့် တပ်‌တော်နေ့ အခမ်းအနား ကျင်းပ

ရန်ကုန်၊ ဧပြီ ၂၈

ကျောင်းသားလက်ရုံးတပ်တော်ဗဟိုဌာနချုပ် နှင့် တပ်တော်၏စစ်ဒေသအသီးသီးတွင် ကျောင်းသားလက်ရုံးတပ်တော် ၃ နှစ်ပြည့် တပ်တော်နေ့အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရှိရသည်။

အဆိုပါအခမ်းအနားတွင် တပ်တော်နေ့ဂုဏ်ပြုစစ်ကြောင်းမှ စစ်ရေးပြကွင်းအတွင်းသို့ ချီတက်အလေးပြုခြင်း ၊ မိခင်သမဂ္ဂခွပ်ဒေါင်းအလံတော် နှင့်တပ်တော်၏ အလံတော်ကို အလေးပြုခြင်း ၊ ကျဆုံးလေပြီသော အာဇာနည် ရဲဘော်အပေါင်းအားအလေးပြုခြင်း၊ တ.က.သ များ – ရန်ကုန် / ကျောင်းသားလက်ရုံးတပ်တော် တပ်တော်နေ့ ထုတ်ပြန်ချက်အားဖတ်ကြားခြင်း ၊ ကျောင်းသားလက်ရုံးတပ်တော်တပ်တော်နေ့ဗဟိုကော်မတီ ထုတ်ပြန်ကြေညာချက်ကို ဖတ်ကြားခြင်း ၊ကျောင်းသားလက်ရုံးတပ်တော် စစ်ဦးစီးချုပ်က မိန့်ခွန်းပြောကြားခြင်းနှင့် တပ်တော်နေ့သို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာများဖတ်ကြားခြင်း ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article