27 C
Yangon

ဆီဆိုင်မြို့နယ်၊ ဝိန်းကောင်ရွာနှင့် တံတားကို အကြမ်းဖက်စစ်တပ်နှင့်လက်အောက်ခံ PNO တပ်ဖွဲ့များက ဖောက်ခွဲ ဖျက်ဆီး

Must read

ဆီဆိုင်မြို့နယ်၊ ဝိန်းကောင်ရွာနှင့် တံတားကို အကြမ်းဖက်စစ်တပ်နှင့်လက်အောက်ခံ PNO တပ်ဖွဲ့များက ဖောက်ခွဲ ဖျက်ဆီး

ရန်ကုန်၊ ဧပြီ ၂၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဝိန်းကောင်ရွာနှင့်တံတားကို အကြမ်းဖက်စစ်တပ်နှင့် လက် အောက်ခံ PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် ဗုံးကျဲခြင်း၊ မိုင်းခွဲခြင်းဖြင့် ဖျက်ဆီးခဲ့ကြကြောင်း အရှေ့ရိုးမ ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့က ပြောဆိုရေးဆိုခွင့်ရှိသူက ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ပြောကြားသည်။

ယမန်နေ့ ဧပြီလ ၂၇ ရက် ည ၁၀ နာရီခွဲခန့်က ဆီဆိုင်မြို့ အနောက်ဘက်၊ ဝန်းကောင်ရွာအနီးရှိ ဝိန်းကောင်တံတားကို တော်လှန်ရေးအင်အားစုများ အသုံးပြုလျက်ရှိသည်ဟု ဆိုကာ အကြမ်းဖက် စစ်တပ်နှင့် လက်အောက်ခံ PNO ပြည်သူ့စစ်များက မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဧပြီလ ၂၇ ရက် နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ အကြမ်းဖက်စစ်တပ်နှင့် PNO ပြည်သူ့ စစ်များက ဝိန်းကောင်ရွာကို ဒရုန်း ၂ စီးဖြင့် အဆက် မပြတ် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက် ခိုက်မှုအတွင်း မည်သူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article