ဒီကနေ့ ဧပြီ ၂၉ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ရခိုင်ပြည်နယ်မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တည်ရှိရာ အမ်းမြို့နယ် က တောဟိန်းတောင် ဗျူဟာကုန်း တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က စစ်သား ရာနဲ့ချီ သေကုန်ကြတဲ့ အပြင် ခြေဦးတည့်ရာ ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း ရခိုင့်တပ်တော် AA က လိုက်လံရှင်းလင်းနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
- ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်က အကြမ်းဖက် စစ်ကောင်ရဲ့ ဆင်ဘို ခလရ ၁၄၁ တပ်ရင်း စခန်းကို KIA နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက သိမ်းရရှိခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီရဲ့ မိုးမောက် ၄၃၇ တပ်ရင်းမှူး ဒု/ဗိုလ်မှူးကြီးကို ဒဏ်ရာတွေနဲ့ အရှင်ဖမ်းဆီးရရှိထားပြီး ၊ ခမရ ၄၃၈ တပ်ရင်းမှူး၊ ဒု-ဗိုလ်မှူးကြီးကတော့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်းမှာပဲ သေသွားပြီလို့ KIA ရှေ့တန်း သတင်း ရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- အကြမ်းဖက် စစ်ကောင်စီတပ်က စစ်မှုထမ်း အတ်စဉ် ၂ အတွက် နိုင်ငံတစ်ဝှမ်းမှာ လူငယ်တွေကို အတင်းအကျပ် ဖမ်းဆီးပေါ်တာဆွဲတာတွေ တောက်လျှောက်လုပ်နေပြီး ရန်ကုန် နဲ့ မန္တလေးမြို့ပေါ် တွေမှာပါ စစ်မှုထမ်း အပတ်စဉ် ၂ အတွက် လူငယ်တချို့ ဖမ်းဆီးခံရမှုတွေရှိနေတဲ့ သတင်း အပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar