29 C
Yangon

စစ်ကောင်စီလေတပ်မှ ပြုပြင်ရမည့် တိုက်လေယာဉ်နှင့်ရဟတ်ယာဉ်အစိတ် အပိုင်းများကို ရုရှားကုန်တင်လေယာဉ် IL76 က နေပြည်တော် အေလာလေတပ် သို့ လာရောက်သယ်ယူ

Must read

ရုရှားနိုင်ငံတွင် ရဟတ်ယာဉ်နှင့် တိုက်လေယာဉ် အစိတ်အပိုင်းများကို ပြုပြင်၍ မြန်မာလေတပ်သို့ ပြန်ပို့မည်

ရန်ကုန်၊ ဧပြီ ၃၀

အကြမ်းဖက်စစ်ကောင်စီ၏ လေတပ်မှ ပြုပြင်ရမည့် တိုက်လေယာဉ်နှင် ရ ဟတ် ယာဉ် အစိတ်အပိုင်းများကို ရုရှားကုန်တင်လေယာဉ် IL76 က နေပြည် တော် အေလာ လေတပ်သို့ လာရောက်သယ်ယူကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ဧပြီလ ၂၉ ရက်နေ့တွင် ရုရှားကုန်တင်လေယာဉ် IL76 သည် နေပြည်တော်လေဆိပ်မှတစ်ဆင့် အေလာလေတပ်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး စစ်ကောင် စီ ၏ လေတပ်မှ ပြုပြင်ရန် လိုအပ်နေသည့် တိုက်လေယာဉ်၊ ရဟတ်ယာဉ် အစိတ် အပိုင်းများကို လာရောက် သယ်ယူနေကြောင်း၊ ယနေ့ နံနက်အစောပိုင်းတွင် အဆိုပါ ရုရှားကုန်တင်လေယာဉ် IL76 သည် နေပြည်တော်မှ ရုရှားသို့ ပြန်လည် ထွက်ခွာသွားကြောင်း သိရှိရသည်။

“တိုက်လေယာဥ်၊ ရဟတ်ယာဉ် နဲ့ပတ်သက်တဲ့ ပြုပြင်ရမယ့် အစိတ်အပိုင်းတွေကို လာသယ်တာ။ အဲဒါတွေကို ရုရှားမှာ ပြင်မှာ။ ဒီမှာ ပြင်လို့ မနိုင်တာတွေကို ရုရှားကိုပို့တာ” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရှင်းပြသည်။

အကြမ်းဖက်စစ်ကောင်စီနှင့် ရုရှားနိုင်ငံအကြား စစ်လက်နက်ပစ္စည်းများ ဝယ်ယူခြင်း၊ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ကြောင့် မကြာခဏဆိုသလို ရုရှားကုန်တင်လေယာဉ် IL76 သည် နေပြည်တော်သို့ လာရောက်လေ့ရှိကာ စစ်လက်နက် ပစ္စည်းများ ပို့ဆောင်ခြင်း၊ သယ်ယူခြင်းများ လုပ်ဆောင်လေ့ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ – ရုရှားကုန်တင်လေယာဉ် Il-76 တစ်စင်း။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #နေပြည်တော် အေလာလေတပ် #ရုရှားကုန်တင်လေယာဉ် IL76

ရုရှားကုန်တင်လေယာဉ် Il-76 တစ်စင်း။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article