32 C
Yangon

မြိုင်မြို့နယ်၊ စက်မှု ၂ အနီး မုဒိမ်းကျင့်သတ်ဖြတ်ခံရသူမှာ သူနာပြုဆရာမ၏ မိခင်ဖြစ်ပြီး ပျောက်ဆုံး နေသည်မှာ ကြာမြင့်နေပြီဟုဆို

Must read

ရန်ကုန်၊ ဧပြီ ၃၀

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ စက်မှု ၂ အနီး အဓမ္မပြုကျင့်ခံရပြီး အဝတ်မပါဘဲ စွန့်ပစ်ခံရသူ၏ ရုပ်အ လောင်းမှာ သူနာပြုဆရာမ၏ မိခင်ဖြစ်ပြီး ပျောက်ဆုံးနေသည်မှာ ရက်ပိုင်းကြာမြင့်နေပြီဖြစ်ကြောင်း Ghost of Enemies – GOE Revolution Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြုပြောကြား သည်။

ဧပြီလ ၂၇ ရက်နေ့ အကြမ်းဖက်စစ်သားများ တပ်စွဲနေထိုင်သည့် မြိုင်မြို့နယ်၊ စက်မှု ၂ အနီး၌ အမျိုးသမီးတစ်ဦးသေဆုံးနေကြောင်း ဒေသနေပြည်သူများ၏ သတင်းပေးပို့ချက်အရ Ghost of Enemies – GOE Revolution Force တပ်ဖွဲ့တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြောင်း၊ သေဆုံးသူ၏ ခန္ဓာကိုယ် ပေါ်တွင် အဝတ်အစားများမတွေ့ရဘဲ အနီးအနားပတ်ဝန်းကျင်၌ အဝတ်အစားများ ပြန့်ကျဲလျက် တွေ့ရှိရကြောင်း၊ ထို့အပြင် ဆေးခန်းပြသည့် အိတ်တစ်လုံးတွေ့ရှိရပြီး ၎င်းအိတ်ထဲမှာ ဓာတ်ပုံများ၊ ဆေးခန်းစာရွက်မှတ်တမ်းစာရွက်များတွေ့ရှိခဲ့ကြောင်း သိရသည်။

“ကျနော်တို့ ပို့တင်ထားတဲ့ အမျိုးသမီးမဟုတ်ဘူး၊ သူ့အမေ သေတာ၊ အဆက်အသွယ်တွေရပြီ။ ပိုင် ရှင်တော့ ပေါ်သွားပြီ။ ကျောက်တိုင်ရွာက မြိုင်နယ်ထဲကပဲ။ အဖမ်းခံရပြီးသတ်ခံရတာလား၊ ဘယ်လို ဖြစ်တာလဲ တော့မသိရသေးဘူး။ နာမည်က ဒေါ်ခင်ဝင်း အသက် ၅၀ ကျော်လောက်။ အလောင်း တွေ့တဲ့နေရာနဲ့ သူ့ရွာကျောက်တိုင်နဲ့ကတော့ မနီးဘူး။ သူက စိတ်သိပ်မမှန်ဘူးလို့ ပြောတယ်။ အဲဒါ ကြောင့် သူ့ဘာသာ လျှောက်သွားနေတာလို့ ကြားတယ်။ သူ့ရွာကလူတစ် ယောက်ပြောတယ်။”ဟု Ghost of Enemies – GOE Revolution Force မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြု ပြောကြားသည်။

သေဆုံးသူမှာ အသက် ၅၀ ကျော်အရွယ် ဒေါ်ခင်ဝင်းဖြစ်ပြီး လွန်ခဲ့သော ရက်ပိုင်းအတွင်း ပျောက်သွားဆုံး ခြင်းဖြစ်ကြောင်း၊ ၎င်းကိုင်ဆောင်သော ဆေးအိတ်သည် အမြဲတမ်းကိုင်ဆောင်ထားခြင်းဖြစ်ပြီး ယင်း ဆေးအိတ်ထဲတွင် သမီးဖြစ်သူ၏ ဓာတ်ပုံများကို ထည့်ကာ ယူဆောင်သွားခြင်းဖြစ်ကြောင်း၊ ထို့ ကြောင့် ၎င်းသေဆုံးပြီးနောက် အလောင်းတွေ့ချိန်တွင် ပုပ်ပြီး ရုပ်မပြီပြင်သဖြင့် ဓာတ်ပုံရှင်ဟု ယူဆ ကာ Ghost of Enemies – GOE Revolution Force ထုတ်ပြန်ခဲ့ရာ သတင်းမီဒီယာမှ တဆင့်တွေ့ရှိ အဆက်အသွယ်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ပျောက်သွားတာ ဘယ်နေ့ကလည်းတော့ မသိဘူး။လချီပြီးတော့ မကြာသေးဘူး၊ ရက်ပိုင်း လောက် ပဲ။ တွေ့တဲ့ ဆေးအိတ်လေးက အဲဒီအဖွားက ဘယ်သွားသွား ယူသွားနေကြလို့ သူတို့ရွာ က လူတွေ က ပြောတယ်။ အဲဒီအိတ်ထဲမှာက ဓာတ်ပုံတွေပါတာပေါ့။ ဓာတ်ပုံအများစုက ဒီကောင်မလေး ပုံတွေ ဖြစ်နေတော့ သူဆိုပြီး ကျနော်တို့က တင်လိုက်မိတာ။ အဲလိုတင်လိုက်မိလို့လည်း အ ဆက်အသွယ် ရသွား တာပေါ့။ မိသားစုဝင်တွေက သူတို့ အမေပါ၊ အဖွားပါပြောလို့ ပြောတော့ ဟုတ်လို့ပြောပြီး တော့ လူကတော့ နည်နည်းပုတ်နေလို့ မီးရှို့သ င်္ဂြိုလ် ပေးခဲ့လိုက်တယ်၊ မီးသင်္ဂြိုလ်တဲ့ ဓာတ်ပုံ ကတော့ စစ်ကြောင်းနဲ့လည်းနီးနေတော့ လောလောနဲ့ လုပ်ရတာမို့ မယူမိလိုက်ဘူးလို့ ပြောလိုက်တယ်။ သိမ်း ဆည်း ထားတဲ့ ဓာတ်ပုံတွေ၊ ပစ္စည်းတွေလည်း ပေးတော့မပေးရသေးဘူး။ မိ သားစုဝင်တွေနဲ့ မတွေ့ရသေးဘူး။” ဟု Ghost of Enemies – GOE Revolution Force တပ်ဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။

ပေါက်မြို့နယ်၊ ဖလံကိုင်းနယ်မြေရဲစခန်းမှ ဆုတ်ခွာလာသော အကြမ်းဖက်စစ်သား၊ ရဲများသည် ဝက် ပုတ်ပျူစောထီးကျေးနှင့် စက်မှု ၂ ဘက်တို့တွင် ရောက်ရှိနေပြီး အလောင်းစွန့်ပစ်ခံရသည့် နေရာ သည်လည်း အကြမ်းဖက်စစ်သားများ တပ်စွဲထားရာ နေရာ အနီးတွင်ရှိကြောင်း၊ ယမန်နေ့ ဧပြီလ ၂၉ ရက် နေ့ယင်းအကြမ်းဖက်စစ်ကြောင်းမှာ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

ဓာတ်ပုံ – အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #မုဒိမ်းကျင့်သတ်ဖြတ်ခံရသူမှာ သူနာပြုဆရာမ၏ မိခင်ဖြစ်

ဓာတ်ပုံ – အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article