29 C
Yangon

ရေဦးမြိုပေါ်တွင် စစ်မှုထမ်းရန် အမျိုးသား ၉ ဦးကို စစ်တပ်က နေအိမ်ထဲထိ ဝင်ရောက် ဖမ်းဆီး

Must read

ရန်ကုန်၊ ဧပြီ ၃၀

စစ်ကိုင်းတိုင်း၊ ရေဦးမြိုပေါ်တွင် စစ်မှုထမ်းရန် စာရင်းကောက်ခံထားရသော အမျိုးသား ၉ ဦးကို အကြမ်းဖက် စစ်တပ်က နေအိမ်ထဲထိ ဝင်ရောက် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို ပြောဆိုသည်။

ဧပြီလ ၂၉ ရက်နေ့ ည ၉ နာရီခန့်တွင် စစ်မှုထမ်းရန် စာရင်းကောက်ခံထားရသော ရေဦးမြိုပေါ်ရှိ ရွှေပြည်သာ ရပ်ကွက်မှ ပြည်သူ ၅ ဦးနှင့် အောင်မင်္ဂလာ ရပ်ကွက်မှ ၄ ဦးကို အကြမ်းဖက် စစ်တပ်က နေအိမ်ထဲထိ ဝင်ရောက် ဖမ်းဆီး ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီး ခေါ်ဆောင်သွားသော ပြည်သူ ၉ ဦးကို လက်ရှိချိန်တွင် ရေဦးမြိုရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော တိုင်းရင်းဆေးရုံအတွင်း ဖမ်းဆီးထားကြောင်း သိရှိရသည်။

“ကျွန်တော်တို ကြားသိရသလောက်ကတော့ ရွှေပြည်သာရပ်ကွက်က ၅ ဦးနဲ့ အောင်မင်္ဂလာရပ်ကွက်က ၄ ဦး ပါသွားတယ်လိုသိရတယ်။ မနေ့က ည ၉ နာရီလောက်ကဝင်ဆွဲတာ ရပ်ကွက်အတွင်း နေအိမ်တွေထဲအထိ ဝင်ဖမ်းသွားတယ်လိုသိရတယ်။ အခုဖမ်းခေါ်သွားတဲ့ သူတွေဟာ စစ်မှုထမ်းဖို စာရင်းပါထားတဲ့ သူတွေလိုသိရတယ်။ အသက်အရွယ်ပိုင်းကတော့ မသိရသေးဘူး။ ညတိုင်း ရေဦး တိုင်းရင်းကနေ ကားတွေနဲ့ အမြဲကင်းပတ်နေကျပဲ ဧည့်စာရင်း စစ်တာမဟုတ်ဘဲ ဝင်ဖမ်းသွားတာပါပဲ တချိုပြည်သူတွေလည်း စာရင်းပါထားတော့ မြိုပေါ်မနေရဲကြတော့ပဲ မြိုကိုစွန့်ခွာထွက်ပြေးကြတဲ့သူတွေလည်းရှိတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ပြောဆိုသည်။

ဓာတ်ပုံ – အကြမ်းဖက်စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း စစ်တပ်ဆန့်ကျင်သော ပြည်သူတစ်ဦးကို ဖမ်းဆီးခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ရေဦးမြိုပေါ်တွင် စစ်မှုထမ်းရန်

အကြမ်းဖက်စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း စစ်တပ်ဆန့်ကျင်သော ပြည်သူတစ်ဦးကို ဖမ်းဆီးခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article