28 C
Yangon

ဆီဆိုင်မြို့နယ်ရှိ ဝိန်းလုံရွာနှင့် နမ့်တောင်းရွာကို စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု အသက် ၈ နှစ်နှင့် ၆ နှစ် အရွယ် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ ဧပြီ ၃၀

ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်ရှိ ဝိန်းလုံရွာနှင့် နမ့်တောင်းရွာကို အကြမ်းဖက် စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု အသက် ၈ နှစ်နှင့် ၆ နှစ် အရွယ် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း PNLA က ထုတ်ပြန်ထားသည်။

ဧပြီလ ၂၅ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဆီဆိုင်မြို့နယ်၊ နမ့်တောင်းကျေးရွာအနီးရှိ တောင်ယာထဲကို လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် တောင်ယာအတွင်းရှိနေသည့် ခွန်ဖူးဆို အသက် ၈ နှစ် ၊ နန်းရွှေစင် အသက် ၆ နှစ် နှင့် နန်းဒွုတ် အသက် ၂၉ နှစ်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ ဧပြီလ ၂၉ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်ကလည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ နှင့် စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က ဝိန်းလုံကျေးရွာအတွင်းကို ဒရုန်းဖြင့် ၄ ကြိမ်၊ လက်နက်ကြီးဖြင့် ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဝိန်းလုံကျေးရွာ ပတ်ဝန်းကျင်ကိုလည်း ဒရုန်းဖြင့် ၆ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများ၏ တိုက်ခိုက်မှုကြောင့် လက်ရှိချိန်တွင် ကျေးရွာနေပြည်သူများသည် ကြောက်ရွံ့ ထိတ်လန့်ပြီး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article