27 C
Yangon

ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံအနီး စစ်တပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲ ဖြစ်ပွားသဖြင့် လမ်းများပိတ်ပြီး ယာဉ်အသွားအလာများ ၁ နာရီ နီးပါး ရပ်ဆိုင်းသွား

Must read

ရန်ကုန်၊ မေ ၁

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံအနီးတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲများဖြစ်ပွားသဖြင့် လမ်းများပိတ်ပြီး ယာဉ်အသွားအလာများ ၁ နာရီ နီးပါးခန့် ရပ်ဆိုင်းသွားကြောင်း ခရီးသွားပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

မေလ ၁ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်အချိန်မှစတင်ပြီး နံနက် ၈ နာရီ ၄၀ မိနစ်အချိန်အထိ မုပ္ပလင်လမ်းဆုံအနီးတွင် တိုက်ပွဲများ ဖြစ်ပွားဖြင့် လမ်းများပိတ်ပြီး ယာဉ်အသွားအလာများ ၁ နာရီနီးပါး ရပ်ဆိုင်းသွားကြောင်း၊ ယင်းနောက် ယနေ့ နံနက် ၉ နာရီဝန်းကျင်အချိန်တွင် ပစ်ခတ်သံများမကြားရတော့ဘဲ လမ်းများ ပြန်လည် ပွင့်သွားကြောင်း သိရှိရသည်။

“စစ်တောင်တံတား အကျော်မုပ္ပလင် မှာ တိုက်ပွဲဖြစ်နေလို့ ကားတွေ မသွားဘဲ စောင့်နေရတယ်။မုပ္ပလင်မရောက်ခင် လမ်းဆုံနားမှာ တိုက်ပွဲဖြစ်တာ။ နံနက် ၇ နာရီ ၄၅ မိနစ်မှာ ကားတွေ အကုန်ရပ်သွားတယ်။ တိုက်ပွဲ ဖြစ်သံတွေလည်း ကြားရတယ်။ ပစ်ခတ်သံတွေကြားရတော့ ကားတွေ ရပ်နားထားရတာပေါ့” ဟု ခရီးသွားပြည်သူတစ်ဦးက ရှင်းပြသည်။

တိုက်ပွဲများဖြစ်ပွားချိန်တွင် မုပ္ပလင်လမ်းဆုံဂိတ်အနီးတွင် စစ်ဆေးရေးဂိတ်များမှ ရဲနှင့်စစ်သားများ ပျောက်ချင်းမလှ ပျောက်သွားပြီး ပုန်းအောင်းနေခဲ့ကြကြောင်း ၊ ပစ်ခတ်သံများ တိတ်ဆိတ်သွားမှသာ စစ်သားနှင့်ရဲများ ပုန်းအောင်းနေရာမှ ထွက်လာကြကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article