25 C
Yangon

မကွေးမြို့ပေါ်၊ အောင်မေတ္တာရပ်ကွက်ရှိ နေအိမ် ၃၀၀ ခန့်ကို ကျူးကျော်ဟုဆိုကာ မေလကုန် နောက်ဆုံးထား ဖယ်ရှားခိုင်း၊ သင်္ကြန်မတိုင်ခင်ကလည်း မြို့ပေါ်မှ နေအိမ် ၅၀၀ ကို စစ်တပ်က ဖယ်ရှား ဖျက်ဆီးခဲ့

Must read

ရန်ကုန်၊ မေ ၇

မကွေးမြို့ပေါ်၊ အောင်မေတ္တာရပ်ကွက်ရှိ နေအိမ် ၃၀၀ ခန့်ကို ကျူးကျော်ဟုဆိုကာ စစ်တပ်က မေလကုန် နောက်ဆုံးထား ဖယ်ရှားခိုင်းနေပြီး သင်္ကြန်မတိုင်ခင်ကလည်း မြို့ပေါ်မှ နေအိမ် ၅၀၀ ကို စစ်တပ်က ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

မေလ ၆ ရက်နေ့ မကွေးမြို့ စည်ပင်သာယာရေးကော်မတီက အောင်မေတ္တာရပ်ကွက်မှ ပြည်သူများကို အစည်းအဝေးခေါ်ယူပြီး ရပ်ကွက်အတွင်းရှိ နေအိမ် ၃၀၀ ခန့်ကို ယခုမေလ ၂၉ ရက်နေ့ နောက်ဆုံးထား ဖျက်သိမ်းဖယ်ရှားကြရန် ၊ မဖယ်ရှားပါက အင်အားသုံးဖယ်ရှားမည်ဟု ခြိမ်းခြောက်ပြောဆိုလာကြောင်း၊ သင်္ကြန်ကာလမတိုင်မီကလည်း မကွေးမြို့ ၊အောင်မေတ္တာ ဃ ရပ်ကွက်နှင့် အောင်စေတနာရပ်ကွက်ရှိ နေအိမ် ၅၀၀ ခန့်ကို စစ်တပ်က ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

“မကွေးမြို့ပေါ် အောင်မေတ္တာရပ်ကွက် မီးရထားသံလမ်း တောင်ဘက်နဲ့မြောက်ဘက်မှာရှိတဲ့ အိမ်ခြေ ၃၀၀ ခန့်ကို မေလ ၂၉ ရက်နေ့ နောက်ဆုံးထားပြီး ဖျက်သိမ်းခိုင်းပါတယ်။ ဒီမြေတွေက လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅ နှစ်ခန့် နေထိုင်လာခဲ့တာပါ။ အခုစစ်တပ်က အာဏာသိမ်းမှ စစ်ကောင်စီလက်ထက်ရောက်မှ ကျနော်တို့ ပြည်သူတွေရဲ့ အိမ်တွေကိုအဖျက်ခံရတာပါ။ ကျွန်တော်တို့မှာ နေ့စဥ်စားဝတ်နေရေးကိုတောင် ခက်ခက်ခဲခဲ ရုန်းကန်နေရတာ အိမ်ငှားနဲ့နေဖို့လည်း မဖြစ်နိုင်ဘူး။ အိမ်ကိုဖျက်ရမယ့်ကုန်ကျစရိတ် သယ်ပိုးရမယ့်ကုန်ကျစရိတ် ပြန်ဆောက်ရမယ့်ကုန်ကျစရိတ်လည်းမရှိကြဘူး။ အိမ်ငှားနေနိုင်တဲ့အထိ လည်း ဝင်ငွေ စီးပွားရေး မရှိကြဘူး” ဟု နေအိမ်ဖျက်သိမ်းခံရမည့်ပြည်သူတစ်ဦးက ပြောဆိုသည်။

မကွေးတိုင်းစစ်ကောင်စီနှင့် နယ်ခြေံစစ်တပ်က ကျူးကျော်ဟုဆိုကာ ပြည်သူများ၏ နေအိမ်များနှင့် လယ်ယာမြေကွက်များကို သိမ်းနေကြောင်း၊ သိမ်းယူရရှိသော မြေကွက်နှင့် အိမ်၀ိုင်းများကို စစ်တပ်နှင့်ပတ်သက်သော အသိုင်းဝိုင်းများကို ပြန်လည် ချထားပေးကြောင်း သိရှိရသည်။

” မကွေးစစ်ကောင်စီကတော့ အိမ်ဝိုင်းကွက်တွေကို ဆင်းရဲနွမ်းပါးသူ ပြည်သူတွေဆီက ပျော်ပျော်ကြီးသိမ်းယူပြီး ဝိုင်းကွက်တွေပြန်ရိုက်ပြီး ရောင်းစားနေကြတယ်”ဟု ဒေသပြည်သူတစ်ဦးကရှင်းပြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article