ရန်ကုန်၊ မေ ၇
စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ဒေသကွက်ကဲမှု စစ်ဌာနချုပ် – ဒကစ (ကလေး)၊ ကလေးလေယာဉ်ကွင်းအပါအဝင် စစ်တပ်တပ်စွဲထားရာနေရာ ၄ ခုနှင့် စစ်ကြောင်းတို့ကို ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း Wings of Kalay ထံမှ သိရသည်။
မေလ ၆ ရက် နံနက်ပိုင်းမှစ၍ ကလေးမြို့အတွင်းရှိ ဒေသကွက်ကဲရေးမှူး စစ် ဌာနချုပ် ကလေးရုံးသို့ ဗုံး ၂ လုံး၊ အကြမ်းဖက်စစ်ကောင်စီ၏ ထောက်ပို့လေယာဉ် ကလေး လေ ယာဉ်ကွင်းသို့ ဆင်းချိန် ဗုံး ၄ လုံး၊ အကြမ်းဖက်စစ်ကောင်စီ၏ ထောက်ပို့တပ် အမှတ် ၉၃၄ ကို ဗုံး ၃ လုံးတို့ဖြင့် Shar Htoo Waw Drone နည်းပညာ Fixed Wing Drone (မောင်းသူမဲ့ လေယာဉ် ငယ်)များအသုံးပြု၍ ကျ်ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ကလေးမြို့ ဒကစထဲမှာ ပေါက်ကွဲသံတွေ တောက်လျှောက်ကြားရတယ်။ ၆၀ မမ တွေ၊ ၈၀ မမတွေ ပစ်ခံရတာထင်တယ်။ ဒကစဘေးနားက ရပ်ကွက်တွေလည်းအကုန်ကြားရတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သားများ၊ ဗုံးကျဲတိုက်ခိုက်ခဲ့သည့်နေရာများ ထိခိုက်ပျက် စီးဆုံးရှုံးမှုရှိခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဗုံးကျဲ လေယာဉ်ငယ် တစ်စီး ဆုံးရှုံးခဲ့ကြောင်း သိရ သည်။
အလားတူမေလ ၂ ရက် နံနက်ပိုင်း ကလေးမြို့တောင်ပိုင်း၊ ကြံသာရွာရှိ အကြမ်းဖက် စစ်တပ် အထိုင် စခန်းကို ဗုံး ၂ လုံး၊ ကြံသာရွာစခန်းမှ အောင်မင်္ဂလာရွာသို့ စစ်ကြောင်းထိုးလာ သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဗုံး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို ကလေးခရိုင် ပြည်သူ့ကာကွယ်ရေး Drone တပ်ဖွဲ့ Wings of Kalay Drone Team) ၊ Kalay Revolution Force (KRF) – ကလေးဒေသတော်လှန်ရေးတပ်၊ မြို့ပြစီမံချက် UG အ ဖွဲ့၊ ကလေးမြို့နယ်ပြည်သူ့ကာကွယ်တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြော်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
