ဒီကနေ့ မေ ၇ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ကချင်ပြည်နယ် ၊ မိုးမောက်မြို့၊ မံစီမြို့ နဲ့ ဗန်းမော်မြို့က အကြမ်းဖက် စစ်တပ်စခန်းတွေကို KIA – PDF မဟာမိတ်ပူးပေါင်းတပ်တွေက ဒီကနေ့မှာပဲ တစ်ပြိုင်နက်တည်း ဝင်တိုက်နေပြီး ၊ မနက်ပိုင်း မှာတင် ဗန်းမော်၊ စင်းခန်းစခန်း ၊ရဲစခန်း နဲ့ ကာကင်းတွေကို သိမ်းပိုက်ရရှိထားတယ်လို့ KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့က စစ်ကေင်စီရဲ့ စကခ ၁၅ တပ်မ ဌာနချုပ်ကြီး နဲ့ တပ်ရင်းတွေ အသိမ်းခံရပြီးတဲ့နောက် ရခိုင့်တပ်တော် AA တပ်ဖွဲ့တွေ အလွယ်တကူ လာလို့မရအောင်ဆိုပြီး မြို့-အဝင် ပန်ဇင်းချောင်း- တံတားကို အကြမ်းဖက် စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးလိုက်ပြီလို့ ဒေသခံပြည်သူတွေက ပြောပါတယ်။
- စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ကလေးမြို့နယ် ဒေသကွက်ကဲမှု စစ်ဌာနချုပ် ၊ ကလေးလေယာဉ်ကွင်းအပါအဝင် စစ်တပ်တပ်စွဲထားရာနေရာ ၄ ခု နဲ့ စစ်ကြောင်းတွေကို တော်လှန်ရေးတပ်ပေါင်းးစုတွေက ဒရုန်းနဲ့ ဗုံးသီးတွေ ဆက်တိုက်ကျဲချ တိုက်ခိုက်ခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်၊။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
