33 C
Yangon

ဆောမြို့နယ်တွင် စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲ မှုကြောင့် သေဆုံးသွားသော ပြည်သူ ၁၅ ဦးနှင့်ဒဏ်ရာရရှိသူများ၏ နာမည်စာရင်းများ အတည်ပြုရရှိ

Must read

ရန်ကုန်၊ မေ ၁၀

မကွေးတိုင်း၊ ဆောမြို့နယ်၊ အကြည်ပန်းပလွန်းကျေးရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် သေဆုံးသွားသော ပြည်သူ ၁၅ ဦး နှင့် ထိခိုက်ဒဏ်ရာရရှိသူ ၂၇ ဦး၏ အမည်စာရင်းများကို ဒေသတော်လှန်ရေး အဖွဲ့က ရန်ကုန်ခေတ်သစ်မီဒီယာသို့ အတည်ပြုပြောဆိုသည်။

မေလ ၉ ရက်နေ့တွင် ဆောမြို့နယ်၊ အကြည်ပန်းပလွန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် ကျောက်ထု တိုက်နယ်ရှိ တော်လှန် ရေးအင်အားစုများနှင့် ယာဉ်ပိုင်ရှင်များအကြား စစ်တပ် ထုတ်ကုန်ပစ္စည်းများ သယ်ယူရောင်းချမှုရှိနေခြင်း၊ အမတ ၃၆၈ အတွင်း ဆက်သွယ်ပို့ဆောင်ခြင်း၊ ကျောက်ထုမြို့တွင်း ရိက္ခာ ဖြတ်တောက်နိုင်ရေး စည်းကမ်းချက်များ ချမှတ်နိုင်ရန် အစည်းအဝေးပြုလုပ်နေစဉ် တံတားဦးလေတပ်မှ တက်လာသော တိုက်လေယာဉ် ၁ စီးဖြင့် ဗုံးကျဲ ပစ်ခတ်သဖြင့် ပြည်သူများ သေဆုံးထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသွားသော ပြည်သူ ၁၅ ဦးမှာ အကြည်ပန်းပလွန်းကျေးရွာမှ မောင်ဖြိုးညီ၊ မပြုံးကြည်၊ တေးကျေးရွာမှ မောင်အာကာဖြိုး၊ ဦးကျော်နိုင်ဝင်း၊ မပြုံးပြုံးသီ၊ ဦးကျော်ကိုဦး၊ နသိုးကျေးရွာမှ ဦးဇော်လင်းဦး၊ ဂုံဘိုရပ်ကွက်မှ မချိုမာဝင်း၊ ကိုငပွေး၊ ဦးလှမြင့်ဆွေ၊ ဒေါ်တိုးကြည်၊ ရွာသာကျေးရွာမှ မခင်ချိုဝင်း၊ သရက်ချဉ်ကျေးရွာမှ ဦးထွန်းထွန်းအောင်၊ ပန်းဆန်ကျေးရွာမှ ဒေါ်အိချို၊ အညာရွာပန်းပလွန်းကျေးရွာမှ ဒေါ်မိညို တို့ဖြစ်ကြောင်း သိရှိရသည်။

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၂၇ ဦးမှာ ဂန့်ဂေါခရိုင်၊ အမှတ် ၈ တပ်ရင်း၊ တပ်ရင်းမှူး ဦးရဲမင်းနိုင်(ခ)ဗိုလ်ဝေလ ၊ အကြည်ရွာ ဆရာတော်၊ ပိန်းနဲရွာမှ ဦးဆန်းမြင့်၊ ကျောက်မရွာမှ ဦးဘိုဌေး၊ ဂုံဘိုရွာမှ ဦးမောင်ယော၊ ပန်းဆန်ရွာမှ ကိုနေမင်းအောင်၊ ကိုတင်အောင်မိုး၊ ကိုချစ်မင်းကျော်၊ ငလွန်းရွာမှ ကိုနေမင်းထွန်း၊ ဦးမြင့်မောင်၊ အကြည်ပန်းပလွန်းရွာမှ ဦးအောင်လင်း ၊ ဦးဝင်းမင်း၊ ဒေါ်ဌေးဌေးမြင့်၊ စံရွာမှ မချိုဌေး၊ ကိုဖိုးအော်၊ တေးရွာမှ ဦးကျော်ကျော်၊ ဒေါ်ခင်စိုးမူ၊ ဦးဝင်းထွန်း၊ နှော်ရွာမှ ဦးထန်းမောင်း၊ နှော်အိအိမို့၊ ပေါက်တောရွာမှ ဝေယံစိုး၊ ဂုံဘိုရွာမှ ကိုကျော်ဖြိုးအောင်၊ အကြည်ရွာကျောင်းထိုင်ဆရာတော်၊ ကျော်ထုမှ ကိုကံမြင့်ဝင်း၊ ကြီးရွာမှ မေဇင်ဦး၊ မိအယ်ရွာမှ ဒေါ်လှဝင်းကြည်၊ ရွာသာရွာမှ ဦးစိုးသူ တို့ဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article