33 C
Yangon

တောင်ငူလေတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်း၍ ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် ပစ်ခတ်ခဲ့ဟု သတင်းထုတ်ပြန်

Must read

ရန်ကုန်၊ မေ ၁၀

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ရှိ တောင်ငူလေတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်း၍ ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း တော်လှန်ရေးတပ်များက ပူးပေါင်းကြေညာလိုက်သည်။

ယနေ့ မေလ ၁၀ ရက်နေ့ နံနက် ၄ နာရီ ၁၃ မိနစ်အချိန် Brave Warriors for Myanmar (BWM) အဖွဲ့၏ စီမံမှုဖြင့် Mountain Knights Civilian Defense Force (MKCDF) အဖွဲ့က သံတောင်မြောက်ပိုင်းအထူးဒေသအဖွဲ့၊ Fighter Sar Kae အဖွဲ့၊ စစ်ဒေသ ၃၁ ပါတီရဲဘော်များနှင့် ပူးပေါင်း၍ တောင်ငူလေတပ်စခန်းအတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးပစ်ခတ်ခဲ့ရာ ပစ်မှတ်သို့ ၇ လုံးအောင်မြင်စွာထိမှန်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများကို ယခင်ကထက် အဆများစွာ ပိုမိုအသုံးပြုလာပြီး ပြည်သူများ နှင့် တော်လှန်ရေး အင်အားစုများအပေါ် ဓာတုဗုံး၊ အဆိပ်ဗုံးတို့ဖြင့် မရပ်မနားကြဲကာ သမိုင်းတွင်အောင် ရက်စက်ယုတ်မာနေသော အကြမ်းဖက်စစ်ကောင်စီကို လက်တုန့်ပြန်လို၍ ၎င်းတို့ အားထားရသော တောင်ငူလေတပ်စခန်းကို တိုက်ခိုက်ရခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ကြေညာသည်။

လတ်တလောတွင်ပင် ကရင်နီဒေသ ကုန်းသာရွာ နှင့် ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်၊ အကြည်ပန်းပလွန်းရွာ ဘုန်းကြီးကျောင်းအပါအဝင် မြန်မာနိုင်ငံအနှံ့အပြားဒေသများရှိ ကလေးသူငယ်များနှင့် ပြည်သူများကို ရန်သူသဖွယ် လေကြောင်းဖြင့် တိုက်ခိုက်နေသော စစ်ကောင်စီလေတပ်၏ ရက်စက်ယုတ်မာမှု ကို လက်တုန့်ပြန်သည့်အနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ရှော့တိုက်ဒုံး ၇ လုံး၏ထိမှန်ပေါက်ကွဲအားကြောင့် စစ်တပ်စခန်းအတွင်း ထိခိုက်မှုပြင်းထန်နိုင်ပြီး ထိခိုက်ပျက်စီးမှု အသေးစိတ် သတင်းအတိအကျကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း၊ တောင်ငူလေဆိပ်သို့ ဒုတိယအကြိမ်မြောက် တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ လေတပ်ပြိုလျှင်နွေဦးတော်လှန်ရေး အောင်ပွဲ ရနိုင်သဖြင့် BWM အနေဖြင့် MKCDF အဖွဲ့အပါအဝင် မိတ်ဖက်တော်လှန်ရေးအဖွဲ့များနှင့် လက်တွဲကာ လေတပ်ပစ်မှတ်များကို တစိုက်မတ်မတ် ဆက်လက် ပစ်ခတ်သွားမည် ဖြစ်ကြောင်း ကြေညာထားသည်။

ဓာတ်ပုံ – ရန်ကုန်ရှိ လေတပ်စခန်းကို ပစ်ခတ်ခဲ့သည့် ရှော့တိုက်ဒုံးများ ။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရန်ကုန်ရှိ လေတပ်စခန်းကို ပစ်ခတ်ခဲ့သည့် ရှော့တိုက်ဒုံးများ ။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article